ရက္ခိုင့်တပ်မတော်နဲ့ ဆက်နွယ်မှု ၁၂ ဦးကို ထောင်ဒဏ်တွေ ချမှတ်


2016.03.30
kyauktaw-township-620.jpg ရခိုင်ပြည်နယ် ကျောက်တော်မြို့အဝင်ကို မြင်ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ရက္ခိုင့်တပ်မတော် (AA) နဲ့ ဆက်သွယ်မှုကြောင့် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ ၁၇(၂) တို့နဲ့ ဖမ်းဆီးခံထားရသူ ၁၂ဦးကို ကျောက်တော်မြို့နယ် တရားရုံးက ထောင်ဒဏ် ၃နှစ်ကနေ ၅နှစ်အထိ ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။

အမိန့်ချမှတ်ခံရသူ ၁၂ ဦးစလုံးဟာ ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်က ပြောပါတယ်။

"၃ နှစ်က ၉ ယောက်၊ ၅ နှစ်က ၃ ယောက်၊ ၁၂ ယောက်ကို ၂ဝ၁၆ မှာတရားစွဲတာဖြစ်ပါတယ်၊ AA ကိုယ်ပိုင်နံပါတ်ရှိတဲ့ AA တပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်၊ ၃၅ ယောက်မှာ ၁၂ ယောက်လျော့သွားပြီဆိုတော့ ၂၃ ယောက်ကျန်သေးတာပေါ့"

၁၂ ဦးမှာ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံရသူ ၃ဦး၊ ၃ နှစ်ချမှတ်ခံရသူ ၉ ဦးဖြစ်ပါတယ်။

ပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား စတဲ့မြို့နယ်တွေက ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်က အစိုးရတပ်မတော်နဲ့ AA တပ်တွေအကြားဖြစ်ပွားခဲ့တဲ့
တိုက်ပွဲတွေကြောင့် မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးခံထားရသူ ၃၅ယောက် ရှိတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။