နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ဝင်နှစ်ဦး ရန်ကုန် ရောက်ရှိ

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ကူညီပေးနေတဲ့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က အထွေထွေအတွင်းရေးမှူး ကိုတိတ်နိုင်နဲ့ ကိုဘိုကြည် တို့ဟာ ဒီကနေ့ နေ့လည်မှာ မြန်မာနိုင်ငံကို ရောက်ရှိ လာပါတယ်။

2013.01.05
prisoners_photo_AAPP_305px.jpg AAPP ခေၞ ိံိုင်ငံရေး အကဵဉ်းသားမဵား ကူညီစောင့်ရြောက်ရေး အသင်း (ူမန်မာိံိုင်ငံ)၏ တြဲဖက် အတြင်းရေးမြြး ဦးဘိုုကည်က ူမန်မာစစ်အစိုးရ ဖမ်းဆီး အကဵဉ်းခဵထားသော ိံိုင်ငံရေး အကဵဉ်းသားမဵား၏ ဓာတ်ပုံကို ူပသ္ဘပီး ရြင်းလင်း ေူပာုကားနေပုံ ူဖစ်ပၝသည်။ (Photo: AFP)
(Photo: AFP)

မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ လိုသလို မြန်မာနိုင်ငံတိုးတက်ဖွံ့ဖြိုးဖို့ဆိုရင်  ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှု တွေကို ရပ်တံ့နိုင်ဖို့ သူတို့အနေနဲ့ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားဖို့ မြန်မာနိုင်ငံကို ရောက်ရှိလာတာလို့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်သားများကူညီစောင့်ရှောက်ရေးအဖွဲ့မှ အထွေထွေအတွင်းရေးမှူး ကိုဘိုကြည်က RFA ကို အခုလို ပြောပါတယ်။

တစ်လတာကြာမြင့်မယ့် မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ AAPP အဖွဲ့အနေနဲ့ ပြည်တွင်းမှာရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ နိုင်ငံရေးအကျဉ်သားဟောင်းတွေ အပါအဝင် တခြားအရေးပါတဲ့နိုင်ငံရေး  ပါတီတွေနဲ့လည်း တွေဆုံသွားမယ်လို့ သိရပါတယ်။

ကိုတိတ်နိုင်နဲ့ ကိုဘိုကြည်တို့ကို ၈၈ မျိုးဆက်သစ်ကျောင်းသားတွေ၊ ကိုဘိုကြည်ရဲ့မိသားစုဝင်တွေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့စတဲ့ အဖွဲ့တွေက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လာရောက်ကြိုဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်သားများကူညီစောင့်ရှောက်ရေးအဖွဲ့ကို ၂၀၀၀ ပြည့်နှစ်မှာ အဖွဲ့ဝင်(၁၀)ဦးနဲ့ စတင်ထူထောင်ခဲ့ပါတယ်။ AAPP ဟာ စတင်ဖွဲ့စည်းစဉ်ကတည်းက နိုင်ငံရေးအကျဉ်းသားတွေနဲ့ အကျဉ်းထောင်တွေရဲ့ အခြေအနေတွေကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာခဲ့ပြီး ပြည်တွင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေကို ထောက်ပံ့တဲ့ အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။