အာရှလူ့အခွင့်အရေး ကော်မရှင် AHRC ကကြေညာချက်ထုတ်


2014.04.27

ပဲခူးတိုင်း ပြည်မြို့ နဝဒေးတံတားအောက်မှာ မနှစ်က ဧပြီလမှာဖြစ်ခဲ့တဲ့ စစ်သား ၃ ယောက်ရဲ့ လုယက် လူသတ်မှု နဲ့ပတ်သက်လို့ အစိုးရက တရားဥပဒေစိုးမိုးရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ အာရှ လူ့အခွင့်အရေးကော်မရှင် AHRC က မနေ့ကရက်စွဲနဲ့ ကြေညာချက်ထုတ်ပြီး တိုက်တွန်းလိုက်ပါတယ်။

ဒီကြေညာချက်နဲ့ပတ်သက်လို့ AHRC က လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက RFA ကို အခုလိုပြောပါတယ်။

"ဒီ နဝဒေး တံတားအောက်မှာ လူငယ်တစ်ဦးသတ်ခံရတဲ့ ကိစ္စအပြင် အဲ့ဒီအမှုကိစ္စအပေါ်မှာ တာဝန်ရှိ တဲ့ သူတွေကနေပြီးတော့ အရေးယူဆောင်ရွက်တဲ့အပိုင်းမှာ အားနည်းနေတယ် ဒါကြောင့် အစိုးရ အာဏာ ပိုင်တွေနဲ့ အမှုမှန်ဖော်ထုတ်ရေးအတွက်ကို အားပေးပြီးတော့ ဆောင်ရွက်ပေးမယ်ဆိုတာ ကို ကျနော်တို့ အာရှလူ့အခွင့်အရေး ကော်မရှင်ကနေပြီးတော့ ကြေညာစာထုတ်ပြန်ထားတာ ရှိပါတယ်။"

ကျူးလွန်သူတွေကို အရေးယူမှုမရှိတဲ့အတွက်လဲ မိသားစုက ဒီနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ် မယ်လို့ သိရ ပါတယ်။

၂ဝ၁၃ ခုနှစ်၊ ဧပြီ ၂၃ ရက်က ပြည်မြို့၊ နဝဒေးတံတားအောက် သဲသောင်ပြင်အစပ်မှာ ကိုဇော်မင်းဦးနဲ့ သူ့ချစ်သူ တို့ အတူထိုင်နေစဉ်မှာ လူ ၃ ဦးက သူတို့ကို ရန်မူပစ္စည်းလုခံရပြီးတဲ့နောက် ကိုဇော်မင်းဦး သေဆုံးသွားခဲ့ပါ တယ်။ နောက်ပိုင်း အဲဒီလူတွေကို ရဲတပ်ဖွဲ့က ဖမ်းမိတဲ့အခါ သူတို့ဟာ ပြည်မြို့ အခြေစိုက်စစ်တပ်ကဖြစ်နေတဲ့ အတွက် သက်ဆိုင်ရာတပ်က ပြန်လည်ခေါ်ဆောင်သွားပြီးတဲ့ နောက်ပိုင်း၊ ကျူးလွန်သူတွေကိုဘယ်လိုအရေးမှုမှ မတွေ့ရတဲ့အတွက် မိသားစုတွေက မကြေနပ်ကြ ဘူးလို့သိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ AHRC အဖွဲ့ ရှေ့နေဦးမင်းလွင်ဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။