ဆင်တွေရဲ့ ဒုက္ခ အိုက်ဝေဝေ ဗီဒီယိုပြ


2018.07.25
aiwaiwai-myanmar-elephant-622.jpg မြန်မာပြည်ကို ရောက်ခဲ့တဲ့ တရုတ်အနုပညာရှင် အိုက်ဝေဝေကို ဆင်တွေနဲ့အတူ တွေ့ရစဉ်
Photo: Four Paws

မြန်မာနိုင်ငံက ဆင်တွေကို လွတ်လွတ်လပ်လပ်နေခွင့်ပြုသင့်ပေမဲ့၊ မသင့်မတော် ပြုမူခံနေကြ ရဆဲဖြစ်တယ်လို့ တရုတ် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ အနုပညာရှင် အိုက်ဝေဝေ က ပြောပါတယ်။

မြန်မာနိုင်ငံက ဆင်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ရာမှာ ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ သစ်ထုတ်လုပ်ရေးကဏ္ဍကို လျှော့ချလိုက်တဲ့အတွက် နှစ်ပေါင်းများစွာအလုပ်လုပ်လာခဲ့ကြတဲ့ သစ်ဆွဲဆင်ကောင်ရေ တထောင်ကျော် အလုပ်လက်မဲ့ဖြစ်သွားခဲ့ကြပြီး၊ ဆင်ပိုင်ရှင်တွေအတွက် စီးပွားရေးအရ ဝန်ထုတ်ဝန်ပိုးဖြစ်လာခဲ့ပါတယ်။

ဆင်အတော်များများ စခန်းတွေထဲ ထူးခတ်ခံထားရပြီး၊ တချို့ဆင်တွေကို တိုင်းပြည်အပြင်ဘက် မှောင်ခိုထုတ်၊ ခရီးသွားလုပ်ငန်းတွေမှာ အသုံးပြုနေကြပါတယ်။ တချို့လည်း တောထဲစွန့်ပစ်ခံရ၊ အသတ်ခံရဖြစ်နေရတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ အိုက်ဝေဝေ က ဆင်တွေကို လွတ်လပ်ခွင့်ပေးဖို့တိုက်တွန်းလိုက်ပြီး၊ တခြား သတ္တဝါတွေအပေါ် ကောင်းကျိုးဆောင်ပေးတာကမှ လူဆန်ရာရောက်ကြောင်း ဗီဒီယိုကို အင်စတာဂရမ် လူမှု ကွန်ရက် ကတဆင့် မနေ့က ပြသခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။