ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်
2012.05.23

Photo courtesy of NLD
၂၀၁၂ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ညီလာခံကို မေလ ၃၀ ရက်ကနေ ဇွန်လ ၁ ရက်နေ့ အထိ ကျင်းပမှာ ဖြစ်ပါတယ်။
ဒီညီလာခံကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောမယ်လို့ NLD ပါတီက အတည်ပြု ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းကြည် အနေနဲ့ အခု သွားရောက်မဲ့ ခရီးစဉ်ဟာ ၂၄ နှစ်တာ ကာလအတွင်း ပထမဦးဆုံး အကြိမ်အဖြစ် ပြည်ပခရီး ဖြစ်ပါတယ် ။
အဲဒီ ဘန်ကောက်မြို့က ညီလာခံကို သမ္မတ ဦးသိန်းစိန်လည်း တက်ရောက် မိန့်ခွန်းပြောမယ်လို့ သိရပါတယ်။
ဒီအတောအတွင်း ဇွန်လ ၂၁ ရက်နေ့မှာ ဗြိတိန်ပါလီမန် လွှတ်တော်အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောမယ်လို့မနေ့က ကျင်းပတဲ့ ဗြိတိန် အောက်လွှတ်တော် အစည်းအဝေးမှာ အောက်လွှတ်တော် ဥက္ကဋ္ဌ Mr.John Bercow က ထုတ်ဖော်ပြောပါတယ် ။