Sakharov ဆုလက်ခံဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြား

လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာ တွေးခေါ်ရေးအတွက် ကြံံ့ကြံ့ခံ ရင်ဆိုင်တိုက်ပွဲဝင်သူတွေကို ချီးမြှင့်တဲ့ Sakharov ဆုကို ၁၉၉၀ ပြည့်နှစ်က ရရှိခဲ့သူ ဒေါ်အောင်ဆန်းစုကြည် ကို ဒီ ဆု ကိုယ်တိုင် လက်ခံ ရယူဖို့ ဥရောပ ပါလီမန်က တနင်္လာနေ့ က ဖိတ်ကြားလိုက်ပါတယ်၊

2010.11.23
assk_eu_parliament_night_305-z.jpg ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ ဥရောပ ပါလီမန် အဆောက်အအုံ မျက်နှာစာပေါ်တွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံကို ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို ၂ဝဝ၉ ဇွန်လ ၁၈ ရက်က ဂုဏ်ပြု မီးမောင်းထိုးထားသည်ကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ပါလီမန် ဆွေးနွေးပွဲ အဖွင့် မိန့်ခွန်းမှာ ဥရောပ ပါလီမန် ဥက္ကဌ Jerzy Buzek က ထည့်သွင်း ဖိတ်ကြား လိုက်တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာ ကိုလည်း ကြိုဆိုလိုက်ပါတယ်၊

လွန်ခဲ့တဲ့ နှစ် (၂၀) က ပေးအပ်ခဲ့တဲ့ Sakharov ဆုကို ပထမဆုံး ချီးမြှင့်ခံရသူ တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပြီး Nelson Mandela နဲ့ Kofi Annan တို့လည်း ရရှိခဲ့ပါတယ်။

ဒါပေမဲ့ ကံအကြောင်း မလှတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက် မယူနိုင်ခဲ့တဲ့ အတွက် နောက်ကျင်းပမယ့် ဥရောပ ပါလီမန် ညီလာခံမှာ ဒီဆုကို လက်ခံယူဖို့ ဖိတ်ခေါ်ရတာ ဖြစ်ကြောင်း ပါလီမန် ဥက္ကဌက ပြောပါတယ်။

ဒီလို ဖိတ်ခေါ်ချက်ဟာ အင်မတန်မှ သင့်မြတ်ကြောင်း NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုုပ် လွတ်မြောက် နယ်မြေ လန်ဒန် ဌာနခွဲရဲ့ ဥက္ကဌ ဒေါက်တာ ဝင်းနိုင်က ပြောပါတယ်။

နိုင်ငံတကာ ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို အလွန် လေးစားကြပြီး ချီးမြှင့်တာ ဖြစ်တဲ့အတွက် ကိုယ်တိုင် လာရောက် လက်ခံယူသင့်ကြောင်း၊ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကိုယ်တိုင်လာယူ မယူ ဆုံးဖြတ်ရမှာ ကတော့ သူ့အပေါ်မှာသာ မူတည်ကြောင်း၊ အခုလို အချိန်မှာ အီးယူက ဆုချီးမြှင့်ခြင်းဟာ အင်မတန် အရေးကြီးတယ်လို့ ယူဆကြောင်း ပြောပါတယ်။

ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ကျင်းပခဲ့တဲ့ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး မှာလည်း မြန်မာနိုင်ငံ အကြောင်း ထည့်သွင်း ဆွေးနွေးခဲ့ပြီး အဖွဲ့ဝင် နိုင်ငံတွေဟာ မြန်မာပြည်ကို သတိနဲ့ စောင့်ကြည့် နေတယ်လို့ အီးယူ သံတမန် အကြီးအကဲ Catherine Ashton က ပြောပါတယ်။

ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ကျော် လွတ်မြောက်ဖို့ အရေးကြီးတယ် လို့လည်း ပြောဆိုခဲ့ပါတယ်။


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-11-23 18:37

ကျနော်.အမြင်တော. အမေစု ဆုကိုကိုယ်တိုင်သွားရောက်လက်ခံယူသင်.တယ်လို. ထင်မြင်မိပါတယ် ခင်ဗျာ။။