ဖွံ့ဖြိုးမှုအနိမ့်ဆုံး စာရင်းထဲ မြန်မာနိုင်ငံ ပါဝင်

ကုလသမဂ္ဂ လူသားဖွံ့ဖြိုးမှုဆိုင်ရာ အခြေပြ HDI ၂၀၁၁ ခုနှစ် ညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုအနိမ့်ဆုံး စာရင်းထဲမှာ ပါရှိနေပါသေးတယ်။

2012.04.17
un-burma-development-index-b305 ကုလသမဂ္ဂ လူသားဖွံ့ဖြိုးမှုဆိုင်ရာ အခြေပြ HDI ၂၀၁၁ ခုနှစ် ညွှန်းကိန်းဖော်ပြချက်
Photo courtesy of UN web site

ကုလသမဂ္ဂက လူသားဖွံ့ဖြိုးမှုဆိုင်ရာ အခြေပြ ညွှန်းကိန်းပြုစုရာမှာ နိုင်ငံပေါင်း ၁၈၇ နိုင်ငံက ဖွံ့ဖြိုးမှုတွေကို လေ့လာရာမှာ မြန်မာနိုင်ငံက အဆင့် ၁၄၉ မှာရှိနေတဲ့အတွက် ဖွံ့ဖြိုးမှုနှုန်း နည်းလွန်းတဲ့နိုင်ငံတွေ စာရင်းထဲမှာ ရှိနေသေးကြောင်း ကုလသမဂ္ဂ အစီရင်ခံစာက ဆိုပါတယ်။

HDI ပျမ်းမျှခြင်း ညွှန်းကိန်းတစ်ခုရဖို့ အခြေခံတိုင်းထွာတဲ့ အချက် ၃ ချက်က-အသက်ရှည် ကျန်းမာစွာနေထိုင်နိုင်မှု၊ ပညာဗဟုသုတ ရှာဖွေဆည်းပူးနိုင်မှုနဲ့ လူနေမှုအဆင့်အတန်း စတဲ့ အချက်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထက် အနည်းငယ်သာနေတဲ့ နိုင်ငံတွေကတော့ အိမ်နီးချင်း လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေ ဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ၁၉၈၀ ခုနှစ်လောက်က လူတစ်ဦးခြင်းစီရဲ့ ပျမ်းမျှ အသက်ရှည် နေထိုင်နိုင်မှုဟာ ၅၅ နှစ်သာရှိခဲ့ပြီး၊ ၂၀၁၁ ခုနှစ်မှာတော့ ပျမ်းမျှ ၆၅ နှစ်အထိ ရှိပါတယ်။

ဒါ့အပြင် ပညာသင်ကြားမှှု နှစ်ကာလကလည်း လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်ထက် တဖြည်းဖြည်း သာလာသလို လူနေမှုအဆင့်အတန်းကို တိုင်းထွာတဲ့ ပျမ်းမျှဝင်ငွေအပိုင်းမှာလည်း များလာတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာက ဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-04-17 04:09

Living standards and longetivity are largely based on the two main elements, first, everybody have to have job with maximum wages, second, low tax must be ordered so that people could afford to manage for the other essentials such as education, medical care and nutritious status, otherwise the indicators may remain steady or even sharply decrease.