လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ ကြေညာထား


2020.08.30
voter-list-2020-622 ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ သီတာရပ်ကွက်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခွင့်ရှိသူ စာရင်းကြည့်နေသူတွေကို တွေ့ရစဉ်
Photo: RFA

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတွေကို ဒီနေ့ စတင်ကြေညာလိုက်ပါတယ်။

ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကြည်မြင့်က ရန်ကုန်တိုင်း အပါအဝင် တစ်ပြည်လုံးမှာ ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ စာရင်းကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတွေက ဒီနေ့စတင်ကြေညာထားတယ်လို့ RFA ကို ပြောပါတယ်။

ကရင်ပြည်နယ်မှာလည်း ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်း တွေကို သက်ဆိုင်ရာခရိုင်အလိုက် ရွေးကောက်ပွဲကော်မရှင်ရုံးတွေမှာ ကပ်ထားတယ်လို့ ပြည်နယ်ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်က ပြောပါတယ်။

လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီပေါင်း ၉၄ ခုရှိရာမှာ ပါတီ ၂ ခုကို ယာယီရပ်ဆိုင်းထားတဲ့အတွက် ၉၂ ပါတီက ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

ပြည်ထောင်စုတစ်ဝှမ်းလုံးမှာ စည်းရုံးမယ့်ပါတီပေါင်း ၇၆ ပါတီနဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ စည်းရုံးမယ့် ပါတီ ၁၈ ပါတီတို့ကို ခွင့်ပြုထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲစာရင်းအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒမဲပေးခွင့်ရှိသူ ၃၇ သန်းခွဲ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။