အနံ့ဆိုးထွက်တဲ့ ကြက်ခြံတွေ ပြောင်းပေးဖို့ ဆန္ဒပြ


2016.05.23
chicken-622.jpg ကြက်ခြံတစ်ခြံကို တွေ့ရစဉ်
Photo: RFA

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ထေးပလောခူကျေးရွာအနီးမှာရှိတဲ့ ကြက်မွေးမြူရေးခြံ ၄ ခြံက ထွက်တဲ့ အနံ့အသက်တွေကို မခံနိုင်တာကြောင့် ဒေသခံ ၂၀၀ လောက်က ကြက်ခြံတွေကို ပြောင်းရွှေ့ပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

ပြီးခဲ့တဲ့နှစ် မိုးတွင်းကစပြီး ကြက်ခြံက အနံ့ဆိုးတွေကြောင့် ကလေးနဲ့ သက်ကြီးရွယ်အိုတွေ ကျန်းမာရေး ထိခိုက်လာတဲ့အတွက် ပြောင်းရွှေ့ပေးဖို့တောင်းဆို တာ ဖြစ်တယ်လို့ ဒေသခံ ဦးသက်တင် က ပြောပါတယ်။

"ကြက်ခြံကထွက်တဲ့ အနံ့ဆိုးတွေက ရွာထဲရောက်ပြီး ကလေးဝမ်းလျောဝမ်းပျက်တာရှိတယ်ဗျာ၊ ဘုန်းကြီးဆွမ်းကပ်မယ်ဆိုရင်လည်း ယဉ်ကောင်တွေ တအားများတဲ့အတွက် ရွာကလူတွေက သုံးနှစ်ကျော် ဒုက္ခခံလာပြီး ဒီတစ်ခါတော့ သည်းမခံနိုင်တော့ဘူး၊ အခုမိုးတွင်းဆိုပိုဆိုးတာပေါ့၊ ဝမ်းပျက်ဝမ်းလျောက ပြီးခဲ့တဲ့နှစ်ကစဖြစ်တာပေါ့၊ ၂ဝ၁၅ မိုးတွင်းကာလ မိုးလည်းရွာတယ်ဆိုတော့ ယဉ်ကောင်ပေါတယ်၊ အဲ့အချိန်မှာစဖြစ်တာပဲ"

အဲဒီ ကြက်မွေးမြူရေးခြံတွေကို၂၀၁၃ ခုနှစ်လောက်က စတင်လုပ်ကိုင်နေတာလို့ ဆန္ဒပြသူတွေက ပြောပါ တယ်။ ပြောင်းရွှေ့ပေးမယ့်အကြောင်း ကြက်ခြံပိုင်ရှင်ဖက်က ဆန္ဒပြဒေသခံတွေကို သဘောတူ လက်မှတ်ရေး ထိုးပေးခဲ့တယ်လို့လည်း ဦးသက်တင် က ပြောပါတယ်။

အဲ့ဒီကြက်ခြံဟာ ၆ ဧက လောက်ကျယ်ပြီး ကြက်ကောင်ရေ ၂ သောင်းခွဲရှိတယ်လို့ ခြံပိုင်ရှင်က ပြောပေ မယ့် ဒေသခံတွေရဲ့ စုံစမ်းထားချက်အရ အကောင်ရေ ၇ သောင်းလောက်ရှိတယ်လို့လည်း ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။