အဖမ်းခံရသူ သတင်းထောက်တွေ စံချိန်တင်ရလုနီးနီးများလာနေ
2018.12.13
ြမန်မာနိုင်ငံက ထောင်ကျနေတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးအပါအဝင် သတင်းလုပ်ငန်းလုပ်ကိုင်လို့ အဖမ်းခံရတဲ့ သတင်းထောက်ဦးရေဟာ အခုလပိုင်းတွေမှာ စံချိန်တင်ရလုနီးနီး များပြားလာနေတယ်လို့ သတင်းထောက်များ အကာအကွယ်ပေးရေးကော်မတီ CPJ က အစီရင်ခံစာတစ်စောင် ဒီနေ့ ထုတ်ပြန်ပါတယ်။
အဖမ်းခံရတဲ့ သတင်းထောက်အရေအတွက်ဟာ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ၂၅၁ ဦးရှိပြီး အဲဒီအထဲက တဝက်လောက်ဟာ တူရကီ၊ တရုတ်နဲ့ အီဂျစ်နိုင်ငံတွေက ဖြစ်ပါတယ်။ သူတို့ဟာ အစိုးရဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကြောင့်လို့ စွပ်စွဲအဖမ်းခံရတာပါ။
သတင်းမှားလို့ဆိုပြီး အဖမ်းခံရသူ ၂၈ ဦး ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က အလားတူအမှုနဲ့ အဖမ်းခံရသူ ၂၁ ဦး၊ ၂ဝ၁၆ ခုနှစ်ကတော့ ၉ ဦးသာရှိခဲ့တယ်လို့ CPJ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင် မီဒီယာလောကအပေါ် အဆိုးမြင်နဲ့ မီဒီယာတွေက သတင်းတုတွေ ထုတ်တယ်ဆိုပြီး ပြောဆိုထောက်ပြသလို၊ ဖိလစ်ပိုင်နဲ့ တူရကီ အစိုးရခေါင်းဆောင်တွေကလည်း အလားတူပြော ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။