လက်ပန်းတောင်း သပိတ်ဖြိုခွဲ မှု ဒေါ်အောင်ဆန်းစုကြည် ပြစ်တင်ဝေဖန်

လက်ပန်းတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြသူတွေကို အစိုးရလုံခြုံရေး တပ်ဖွဲ့တွေက အင်အားသုံးအကြမ်းဖက် ဖြိုခွင်းခဲ့တဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြစ်တင်ဝေဖန်လိုက်ပါတယ်။

2012.11.30
dassk_lpt_305 မုံရွာမြို့မှာပြုလုပ်တဲ့ လက်ပန်းတောင်းတောင်အရေး သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို လက်ပန်းတောင်းအရေး တက်ကြွလှုပ်ရှားသူ မသွဲ့သွဲ့ဝင်းနဲ့အတူ တွေ့ရစဉ်
Photo: RFA/Win Naung Toe

မုံရွာမြို့ဇက်ဆိပ်သောင်ပြင်မှာ ဒေသခံတွေကို  ဒီကနေ့ မိန့်ခွန်းပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့  ရှင်းလင်းချက် ထုတ်ပြန်ဖို့ လိုအပ်သလို ဆန္ဒပြသူတွေအနေနဲ့လည်း နိုင်ငံဂုဏ်သိက္ခာကို ထိန်းသိမ်းတဲ့အနေနဲ့ စေ့စပ်ကျေအေးကြဖို့  တိုက်တွန်းသွားပါတယ်။

သူ့အနေနဲ့ အကြမ်းဖက်ဖြိုခွဲရာမှာပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ တွေ့ဆုံခဲ့သလို ကုမ္ပဏီတာဝန်ရှိသူတွေ၊  ဒေသခံတွေနဲ့လည်း တွေ့ဆုံခဲ့ကြောင်း၊ လက်ပန်းတောင်းတောင်အရေးနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ မကုန်မီ ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးသွားမှာဖြစ်ကြောင်းနဲ့  ကျေးရွာ ၄ ခုက ဒေသခံတွေရဲ့ လုံခြုံရေးကိုလည်း အာမခံကြောင်း ပြောကြားသွားပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှုအတွင်း ထိခိုက်ဒဏ်ရာရမှုတွေအတွက် စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး သံဃာတော်တွေကို တောင်းပန်ဖို့လိုအပ်တယ်လို့  နေ့လည်ပိုင်းပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။  လက်ပန်းတောင်းအရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ ကျေးရွာတစ်ခုစီက ကိုယ်စားလှယ် ၃ ဦးစီ ထည့်သွင်းဖွဲ့စည်းမှာဖြစ်ကြောင်းလည်း အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းက ဒေသခံတွေအတွက် ဘယ်လိုထိခိုက်မှုရှိနိုင်တယ်ဆိုတာ စီမံကိန်းလည်ပတ်ပြီး စုံစမ်းစစ်ဆေးရမှာဖြစ်တဲ့အတွက် ဒေသခံတွေအနေနဲ့  အခြေအနေအရပ်ရပ်ကို  နားလည်သဘောပေါက်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။