မြန်မာနိုင်ငံတိုးတက်ဖို့ အမျိုးသားညီညွှတ် မှု အောင်ပွဲတွေ အများကြီးရှိဖို့လို
2012.12.08

Photo: RFA/Nay Myo Tun
ဒေါ်အောင်ဆန်းစုကြည်ဟာ ဖခင်ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားခဲ့တဲ့ နတ်မောက်မြို့ကို ၁ဝနှစ်အတွင်း ပထမဆုံး အကြိမ် သွားရောက်ခဲ့တာပါ။
နတ်မောက်မြို့လာရာလမ်းတစ်လျှောက်မှာရှိတဲ့ တောင်တွင်းကြီးမြို့ NLD ရုံး၊ ဆတ်သွားကျေးရွာ၊ ချောင်းနက်ကျေးရွာလမ်းဆုံ၊ မြို့လုလင်ကျေးရွာ၊ မြို့သစ်မြို့ NLD ရုံးတွေမှာ လူထုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
မိသားစုဝင်တစ်ဦးဖြစ်တဲ့ အစ်ကို ဦးအောင်မြင့်သိန်း နေအိမ်ကိုလည်း သွားရောက်နှုတ်ဆက်ခဲ့ပါတယ်။ မကွေးမြို့မှာ ညအိပ်ပြီး တနင်္ဂနွေနေ့မှာ မကွေးမြသလွန်ဘုရားကွင်းမှာ လူထုတွေ့ဆုံပွဲ ကျင်းပမှာပါ။ အဲဒီနောက် ရေနံချောင်းမြို့နဲ့ ကျောက်ပန်းတောင်းမြို့တွေကို ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။