ပြည်ထောင်စုကြီး တည်တံ့ဖို့ အားလုံးတာဝန် ရှိကြောင်း ၁၀ ပါတီ ပြောကြား
2013.02.12

လက်ရှိနိုင်ငံတော်အာဏာကို ရယူထားတဲ့ ခေါင်းဆောင်တွေအပါအဝင် တပ်မတော် ခေါင်းဆောင်တွေအနေနဲ့ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲအောင်ဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
ဒီကနေ့ ထုတ်ပြန်တဲ့ ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီရဲ့ ပူးတွဲကြေညာချက်ထဲမှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေပြီးဆုံးပြီး နိုင်ငံရေးအဖွဲ့အစည်းတွေ အားလုံးပါဝင်တက်ရောက်နိုင်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတစ်ရပ်ကို အစိုးရအနေနဲ့ ဦးဆောင်ကျင်းပပေးဖို့အတွက် တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ဒီကနေ့အခမ်းအနားမှာ နိုင်ငံရေးပါတီတွေနဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။
ဒီအခမ်းအနားကို ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီက ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေနဲ့ တခြားနိုင်ငံရေးပါတီတွေ၊ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့တွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေ အသီးသီးတက်ရောက်ခဲ့ကြပါတယ်။
ဒီကနေ့ မိတ်ဆွေများ ၁၀ ပါတီ အခမ်းအနား တက်ရောက်လာကြတဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အမြင်ကို RFA သတင်းထောက် မဇင်မာဝင်းက စုစည်းတင်ပြထားပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |