ဗြိတိန်က ဒီပဲယင်း နှစ်ပတ်လည် ဆန္ဒပြပွဲ
2011.05.31

BDC
ဒီပဲယင်း အရေးအခင်းမှာ ကျဆုံးသူတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ရော
(၁၉၉၀) ရွေးကောက်ပွဲရလာဒ် ဥပေက္ခာ အပြုခံရတဲ့အတွက် ကြေကွဲဝမ်းနည်းတဲ့ အနေနဲ့
ဒီဆန္ဒပြပွဲမှာ ပါဝင်သူတွေက အနက်ရောင်တွေ ဝတ်ဆင်ပြီး ဆန္ဒပြခဲ့တယ်လို့
ပါဝင်လှုပ်ရှားသူ တဦးဖြစ်တဲ့ ဦးမျိုးသိန်းက ပြောပြပါတယ်။
"ကျနော်တို့ Burma Democratic Concern BDC အပါအဝင် သွားရောက် ဆန္ဒ ပြကြပါတယ်။ လူပေါင်း ရာကျော် လာပြီး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ဆန္ဒပြ ကြပါတယ်။ တိုင်းရင်းသား ညီအကို မောင်နှမတွေအားလုံး အနက်ရောင်ကို ဝတ်ပြီး ဘာကိုပြသလည်းဆိုတော့ အဲဒီမှာ ဆုံးရှုံးသွားတယ်ပေါ့နော်။ သူတို့နဲ့အတူ သတိတရရှိနေတယ်၊ ဝမ်းနဲပါတယ်ဆိုတဲ့ အထိမ်းအမှတ်လည်း ဖြစ်ပါတယ်"
မနေ့က ကျရောက်ခဲ့တဲ့ဒီပဲယင်း နှစ်ပတ်လည်အခမ်းအနားမှာ ဒီပဲယင်း လှုပ်ကြံမှု ကျူးလွန်ခဲ့သူတွေကို အစိုးရသစ်က အမြန်ဆုံး အရေးယူပေးဖို့ မြို့နယ်ပေါင်း (၁၁) မြို့နယ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
NLD အဖွဲ့ဝင်တွေက မိထ္ထီလာခရိုင် သာစည် မြို့နယ်မှာ စုဝေး တောင်းဆိုခဲ့ကြပါတယ်။
ဒီအတောအတွင်းမှာဘဲ ဒီပဲယင်း အရေးအခင်းအပြီးမှာ အထိန်းသိမ်းခံရကာ
ပြီးခဲ့တဲ့နိုဝင်ဘာလကမှ အကျယ်ချုပ်ကနေ လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က လာမယ့် ဇွန်လအတွင်း နယ်ထွက် စည်းရုံးရေး ခရီးစဉ်တွေ ပြန်စမယ်လို့မနေ့က ပြောဆိုလိုက်ပါတယ်။