ငလျင်ကြောင့် အင်းဝရှေးဟောင်းအဆောက်အအုံ သုံးပုံနှစ်ပုံခန့်ပျက်စီး

RFA Burmese
2025.04.30
ငလျင်ကြောင့် အင်းဝရှေးဟောင်းအဆောက်အအုံ သုံးပုံနှစ်ပုံခန့်ပျက်စီး ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ရသည့် အင်းဝဒေသက မယ်နုအုတ်ကျောင်းကိုတွေ့ရစဉ်။
MOI

မန္တလေးတိုင်း အင်းဝဒေသမှာ မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် ရှေးဟောင်းအဆောက်အအုံ ၉၆၁ ခုအနက် ၆၁၄ ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ ဧပြီလ ၂၉ ရက်နေ့က စစ်ကောင်စီထိန်းချုပ်ထားတဲ့ MRTV နိုင်ငံပိုင်ရုပ်သံက ကြေညာပါတယ်။

မန္တလေး၊ အင်းဝ၊ ပင်းပ၊ ပလိပ်၊ မက္ခရာ၊ စစ်ကိုင်း စတဲ့ ဒေသတွေမှာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ရှေးဟောင်းအဆောက်အအုံများကို ပြုပြင် ထိန်းသိမ်းဖို့အတွက် အဖွဲ့ (၈) ဖွဲ့နဲ့ စာရင်းကောက်ယူနေတယ် လို့လည်းဆိုပါတယ်။

ထိခိုက်ပျက်စီးခဲ့တဲ့ ရှေးဟောင်းလက်ရာတွေထဲမှာ ပထမအင်းဝခေတ် အေဒီ ၁၃၇၀ မှာတည်ခဲ့တဲ့ အင်းဝ ရွှေစည်းခုံစေတီ၊ စတုတ္ထအင်းဝခေတ် အေဒီ ၁၈၂၂ မှာတည်ဆောက်ခဲ့တဲ့ နန်းမြင့်မျှော်စင်နဲ့ မယ်နုအုတ် ကျောင်းတို့လည်း ပါဝင်ပါတယ်။

မန္တလေးမှာ ငလျင်ကြောင့် ပြိုကျသွားတဲ့ ရှေးဟောင်းအုပ်ချပ်တွေကို စစ်ကောင်စီက စက်ယန္တရားတွေနဲ့ ဖယ်ရှားတာတွေရှိနေတဲ့အတွက် ရှေးဟောင်းသုတေသနလေ့လာသူတွေက ဝေဖန်မှုတွေလည်းရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။