ရွေးကောက်ပွဲ ကန့်ကွက်မှု ၃၃ မှု ရှိ


2015.12.28
election-commission-press-620.jpg ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ အဖွဲ့ဝင်တွေ စက်တင်ဘာလ ၃ ရက်နေ့က ရန်ကုန်မြို့ ရွှေလီလမ်းရှိ ရွေးကောက်ပွဲ အချက်အလက်စင်တာမှာ သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံရှင်းလင်းစဉ်
Photo: RFA

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်တွေအပေါ် ကန့်ကွက်လွှာတင်တဲ့ အမှုတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ နောက်ဆုံးထားလက်ခံမှာဖြစ်ပြီး မနေ့ကအထိ အမှုပေါင်း ၃၃ မှု ရှိတယ်လို့ သိရပါတယ်။

ကန့်ကွက်လွှာအမှုတွေကို စစ်ဆေးနေဆဲဖြစ်ပြီး စစ်ဆေးမှုဟာ နောက်ထပ် ၆လလောက်အထိ ကြာနိုင်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်ရှင်ခုံရုံးအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

ကော်မရှင်ထံ တင်ထားတဲ့ ကန့်ကွက်လွှာတွေဟာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီးတို့က အနိုင်ရကိုယ်စားလှယ်တွေကို ကန့်ကွက်တဲ့ အမှုတွေဖြစ်ပါတယ်။

ကန့်ကွက်ခံရတဲ့ ကိုယ်စားလှယ်တွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တအာင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ နဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်တချို့ ပါဝင်ပါတယ်။

ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၅မှာ အနိုင်ရတဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကို အန်အယ်လ်ဒီပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစံဝေခေါင်လွမ်းက ကန့်ကွက် တဲ့အမှုကို ဒီနေ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ နှစ်ဘက်ရှေ့နေတွေက ထုချေလွှာတင်ကြတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲဥပဒေအရ မဲစာရင်းရလဒ်ကြေညာပြီးနောက် ၄၅ ရက်အတွင်း အနိုင်ရကိုယ်စားလှယ်တွေကို ကန့်ကွက်နိုင်တာဖြစ်ပြီး ကန့်ကွက်လွှာတင်သွင်းသူဟာ အမှုစစ်ဆေးဖို့အတွက် ကုန်ကျစရိတ်အဖြစ် ငွေကျပ် ၅သိန်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ပေးသွင်းရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။