သတင်းမီဒီယာတွေ ထိန်းသိမ်းရေးသားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


2013.08.30
dassk-parliment-305 မေလ ၂၀ ရက်နေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်လာစဉ်
Photo: RFA/ Win Naung Toe

မီဒီယာတွေအနေနဲ့ ဖေ့စ်ဘွတ်လို လူမှုရေး စာမျက်နှာတွေအပါအဝင် သတင်းရေးသားဖော်ပြမှုတွေမှာ ထိန်းထိန်းသိမ်းသိမ်းနဲ့ မှန်မှန်ကန်ကန်ဖြစ်အောင် ဂရုစိုက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်ကဒီနေ့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

နေပြည်တော် ပြည်သူ့လွှတ်တော်တရား ဥပဒေ စိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးခန်းမှာ သတင်းမီဒီယာ သမားတွေနဲ့တွေ့ဆုံစဉ် သတင်းသမား တစ်ဦးရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က  ဖြေကြားရင်း အခုလိုတိုက်တွန်းပြောဆိုခဲ့တာပါ။

"အန်တီက မီဒီယာတွေကို ပြန်ပြီး မေးချင်တယ်။အခုဖေစ့်ဘုတ်ဆိုတာ တင်ချင်တိုင်း တင်တာပဲ၊ရေးချင်တိုင်း ရေးတာပဲ။ယုံတဲ့သူကလည်း ယုံတာပဲ။ဒါကို မီဒီယာသမားတွေက စဉ်းစားရမှာ၊ဘာမှလည်း တားဆီးလို့ မရဘူး"

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ၊ ခပ်စိပ်စိပ်ဖြစ်လာနေတဲ့ ဘာသာရေး ဆန်ဆန် အကြမ်းဖက် ပဋိပက္ခ အပြင် လက်ရှိ အပြောင်းအလဲ ကဏ္ဍတွေနဲ့ ပတ်သက်တဲ့ မေးမြန်းတွေကိုလည်း ဖြေကြားခဲ့ပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို အာအက်ဖ်အေ ဝိုင်းတော်သားဦးဝင်းနိုင် ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။