ဂျီဟတ် အစွန်းရောက်လှုပ်ရှားမှု အိန္ဒိယနိုင်ငံထဲမှာ ဖွင့်လှစ်


2014.09.04

မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတို့မှာ  ဂျီဟတ် မွတ်စလင် အစွန်းရောက်လှုပ်ရှားမှုကို တိုးချဲ့လုပ်ကိုင်နိုင်ဖို့ ဌာနခွဲတစ်ခုကို အိန္ဒိယနိုင်ငံထဲမှာ  အသစ်ဖွင့်လှစ်ထားပြီလို့  အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့ခေါင်းဆောင် Al-Zawahiri က ကြေညာလိုက်ပါတယ်။

အယ်လ်ကိုင်းဒါး အင်အားစုတွေဟာ လောလောဆယ်မှာ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နိုင်ငံတို့မှာ အဓိကလှုပ်ရှားနေကြတာဖြစ်ပြီး အခု သူပြောသွားတဲ့အင်အားစုက အိန္ဒိယတိုက်ငယ်တလွှားမှာရှိတဲ့ မွတ်စလင်တွေကို တစုတပေါင်းတည်းဖြစ်အောင် တိုက်ပွဲဝင်သွားမယ်လို့ပြောပါတယ်။

အိန္ဒိယနိုင်ငံ အာသံ၊ ဂူဂျရတ်နဲ့ကက်ရှ်မီယာပြည်နယ်တို့အပြင် မြန်မာပြည်အနောက်ဖက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို အဓိကပစ်မှတ်ထားပြီး လှုပ်ရှားသွားမယ်လို့လည်းဆိုပါတယ်။

Al-Zawahiri ဟာ အယ်လ်ကိုင်းဒါး အဖွဲ့ခေါင်းဆောင် အိုစမာ ဘင်လာဒင် သေဆုံးသွားပြီး တဲ့နောက် ခေါင်းဆောင်ဖြစ်လာခဲ့ပြီး သူ့ကိုဖမ်းမိအောင် သတင်းပေးနိုင်သူကို အမေရိကန်အစိုးရက ဒေါ်လာ ၂၅ သန်းချီးမြှင့်မယ်လို့ ဝရမ်းထုတ်ပြန်ထားသူလည်းဖြစ်ပါတယ်။

၅၅-မိနစ်ရှည်ကြာတဲ့ ဗီဒီယိုထဲမှာ မိန့်ခွန်းပြောပြီး ဂျီဟတ် အင်တာနက်စာမျက်နှာတွေမှာ တင်ပြထားတာကို အကြမ်းဖက်အုပ်စုတွေရဲ့ လှုပ်ရှားမှုတွေကိုရှာဖွေထောက်လှမ်းနေတဲ့ SITE အဖွဲ့က တွေ့ရှိ သတင်းထုတ်ပြန် လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။