ထိပ်သီးအစည်းအဝေးအပြီး သဘောတူညီချက်ထုတ်ပြန်


2018.10.16
dassk-govt-nca-s-eao-622.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို နေပြည်တော်မှာ ၂၀၁၈ အောက်တိုဘာလ ၁၆ ရက်နေ့ကကျင်းပတဲ့ အစိုးရနဲ့ NCA-S-EAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေး နောက်ဆုံးနေ့မှာ တွေ့ရစဉ်
Photo: Myanmar State Counsellor Office

အစိုးရနဲ့ အပစ်ရပ်အဖွဲ့ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေး ဒုတိယနေ့မှာ နိုင်ငံရေးလမ်းပြမြေပုံချမှတ်တာ၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းတာတွေ စတင်ဖို့ သဘောတူလိုက်ကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်လိုက်ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး NCA စာချုပ် အခန်း (၅) မှာပါဝင်တဲ့ နိုင်ငံရေးလမ်းပြမြေပုံ ချမှတ်ခြင်း၊ အပိုဒ် ၂ဝ (ဂ) ပါ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စနဲ့၊ လုပ်ငန်းစဉ် ညှိနှိုင်းဆွေးနွေးတာတွေ စတင်ဖို့ နေပြည်တော်မှာ ကျင်းပတဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ အစည်းအဝေးကနေ ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

NCA လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးပါဝင်ရေးကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားဖို့လည်း ထိပ်သီးခေါင်းဆောင်တွေက သဘောတူညီခဲ့ကြတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အပြည့်အဝ အာမခံချက်ရှိတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်တွေနဲ့အညီ တည်ဆောက်သွားမှာ ဖြစ်ကြောင်းလည်း ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။