တရုတ်နှင့် တိုက်ရိုက်ဆက်ဆံရေး မရှိကြောင်း ကချင်အဖွဲ့ငြင်းဆို

စက်တင်ဘာ ၂၁ ရက် ပြီးခဲ့တဲ့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ International Crisis Group ခေါ် အိုင်စီဂျီၤရဲ့ အစီရင်ခံစာမှာ ဖော်ပြချက်အရ KIO အဖွဲ့အနေနဲ့ တရုတ်အစိုးရနဲ့ တိုက်ရိုက်ဆက်ဆံမှုတွေ ရှိတယ်ဆိုတဲ့ ဖော်ပြချက်ကို KIO က ငြင်းဆိုလိုက်ပါတယ်။

2010.09.23
kachin_state_map_305_z.jpg မြန်မာနိုင်ငံ၏ မြောက်ဖက်ဆုံးတွင် တည်ရှိသော ကချင်ပြည်နယ်သည် အင်အားကြီး အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်နေပါသည်။ (Map: RFA)
Map: RFA

KIO အဖွဲ့က ပြောခွင့်ရ ဗိုလ်မှူးကြီး ဆင်ဝါက တရုတ်ပြည်နဲ့ တရားဝင် ဆက်ဆံမှုုတွေ မရှိဘူးလို့ပြောပါတယ်။

“အဲဒီအနေအထားတော့ ကျွန်တော်တို့က နိုင်ငံတော် ဖွဲ့စည်းပုံ ပုံစံတော့ ကျွန်တော်တို့က ပင်လုံကို အခြေခံတဲ့ ပြည်ထောင်စု ပုံသဏ္ဍာန်မျိုး ရှင်းရှင်းလင်းလင်း ပြောထားပြီး ဖြစ်လို့ အဲဒီ တခြားကိစ္စတော့ ကျွန်တော်လည်း ဘယ်သူ ပြောတယ်ဆိုတဲ့ ကိစ္စ ကျွန်တော်လည်း မသိပါဘူး။”

ICG ရဲ့ အစီရင်ခံစာမှာ တရုတ်အစိုးရဟာ မြန်မာနိုင်ငံ စစ်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြားမှာ ပေါ်ပေါက်နေတဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး ပါဝင် ပတ်သက်မှုတွေ ရှိတယ်လို့ ရေးထားပါတယ်၊ ဒီဖော်ပြချက်နဲ့ ဆက်စပ်ပြီး RFA က ရရှိတဲ့ သတင်းတွေအရ KIO ကိုယ်စားလှယ်အဖွဲ့တဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ဘေဂျင်းမြို့ကို သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။

 ICG ရဲ့ အစီရင်ခံစာ ဆက်လက်ဖော်ပြချက်အရ KIO ကိုယ်စားလှယ်တွေက ကချင်ပြည်နယ်ကို တရုတ်ပြည်ပိုင် ဟောင်ကောင်ကျွန်းနဲ့ နှိုင်းယှဉ်ပြီး မြန်မာပြည်အတွင်းမှာ အဲဒီ အခွင့်အရေးမျိုး ရလိုတယ်လို့ ဥပမာပေး ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။