တပ်နဲ့ KNPP တို့ ဖားဆောင်းမြို့နယ်မှာ တိုက်ပွဲဖြစ်


2018.10.20
knpp-soldiers-622.jpg ၆၈ နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ကို ကယားပြည်နယ် ဖားဆောင်းမြို့နယ် နန်းကစ်ကျေးရွာမှာ ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က ကျင်းပစဉ်
Photo: RFA

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်က နန်းကစ် နဲ့ ဗဟန်းလော့ကျေးရွာကြားမှာ အစိုးရ တပ်မတော်နဲ့ အပစ်ရပ် NCA လက်မှတ်မထိုးရသေးတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့ဒီနေ့မနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အစိုးရတပ်ဖက်က အကြောင်းမကြားဘဲ သွားလာရာမှာ KNPP တပ်တွေရှိတဲ့ နေရာအနီးကို ရောက်လာတာကြောင့် ဒီနေ့ မနက် ၇ နာရီဝန်းကျင်ခန့်မှာ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ သိရကြောင်း ဖားဆောင်းမြို့နယ် KNPP ဆက်ဆံရေးရုံး တာဝန်ခံ စောဦးကွယ် က RFA ကို အတည်ပြုပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ နှစ်ဖက်တပ်တွေ နားလည်မှုနဲ့ ညှိနှိုင်းထားကြတယ်လို့ သိရပြီး တိုက်ပွဲမှာ ထိခိုက် သေဆုံးမှု ရှိ မရှိကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

KNPP အဖွဲ့ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာနိုင်ဖို့ အစိုးရငြိမ်းချမ်းရေး ကေ်ာမရှင်နဲ့ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ပြီးခဲ့တဲ့ အစိုးရလက်ထက်က ချုပ်ဆိုခဲ့တဲ့ နှစ်ဖက်သဘောတူ စာချုပ်အရ အစိုးရတပ်တွေ သွားလာဖို့ ကန့်သတ်ထားတဲ့နေရာတွေရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။