ကိုးကန့်ဒေသ စစ်ပွဲမှာ မပါဘူးလို့ UWSA ငြင်းဆို


2015.02.22
wa-soliders-620.jpg ဝ လက်နက်ကိုင် တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
(Photo: AFP)

ရှမ်းပြည်မြောက်ပိုင်း ကိုးကန့် ဒေသအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ  UWSA ဝပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ရဲ့ တပ်ဖွဲ့တွေ ပါဝင်ခြင်းမရှိပဲ  UWSA အနေနဲ့ ဒီ စစ်ပွဲတွေမှာ ကြားနေရပ်တည်သွားမှာဖြစ်တယ်လို့ UWSA ပြောရေးဆိုခွင့်ရှိသူက RFA ကို ပြောပါတယ်။

မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ တိုက်ပွဲတွေမှာ  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ် တဲ့ KIA ၊ TNLA ၊ UWSA ၊ မိုင်းလား နဲ့ SSA/SSPP အဖွဲ့ တို့ကကိုးကန့်အဖွဲ့နဲ့အတူပူးပေါင်းတိုက်ခိုက်နေ တာဖြစ်ကြောင်းကာကွယ်ရေး ဝန်ကြီးဌာနအရာရှိတွေက သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး UWSA ဝပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ငြင်းဆိုပါတယ်။

"ကျနော်တို့ရဲ့ရပ်တည်ချက်မူကတော့ မထောက်ခံဘူး၊ အားမပေးဘူး၊ ကူညီမှုမပေးဘူး၊ ဒီသဘောရှိတယ်၊ ဒါကတော့ထုတ်ပြန်ကြေညာချက်ထဲမှာလဲ ထုတ်ပြန်ပြီးပြီလေ၊ နောက်တစ်ခုကတော့ ဝ သေနတ်ပါတယ် ဆိုတာနဲ့ပတ်သက်ပြီးတော့ရုပ်ဝတ္တုလေး ကိုကြည့်ပြီးတော့ဆုံးဖြတ်ချက်ချတာကတော့ မှန်သလား၊ မှားသ လားဆိုတာမသိဘူး ပေါ့ဗျာ၊ ဒါကတော့ ခွဲခြမ်းစိတ်ဖြာရမှာပေါ့"

သတင်းစာရှင်းပွဲမှာ ကိုးကန့်အဖွှွဲ့ထံက ဖမ်းဆီးရမိတဲ့ သေနတ်များဟာ  UWSA လက်နက်စက်ရုံကထုတ်တဲ့ သေနတ် များဖြစ်တယ် ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ဒီကိစ္စဟာ စီးပွားရေးသမားများရဲ့ လုပ်ဆောင်ချက်ဖြစ်တယ် လို့ ပြောပါတယ်။ စက်ရုံကလက်နက်တွေ ခိုးရောင်းတာမျိုး ဖြစ်နိုင်တယ်လို့ ဦးအောင်မြင့် က ပြောပါတယ်။

မိုင်းလား အဖွဲ့ကလည်း ကိုးကန့်တပ်ဖွဲ့ကို ကူညီခြင်းမရှိဘူးလို့ ပြောနေပေမဲ့ ဖုံကြားရှင်ဟာ လောလောဆယ်မှာ သားမက်တော်သူ မိုင်းလား အဖွဲ့က ခေါင်းဆောင် ဦးစိုင်းလင်းနဲ့ အတူ မိုင်းလားမှာ နေထိုင်လျက်ရှိတယ်လို့ ပြော ပါတယ်။

ကိုးကန့်နယ်က စစ်ပွဲနဲ့ပတ်သက်ပြီး KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့နဲ့ SSA/SSPP ရှမ်းပြည်တပ်မတော် ကလည်း သူတို့ ပါဝင်ခြင်းမရှိကြောင်း ငြင်းဆိုထား ပြီးဖြစ်ပါတယ်။

UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။