သပိတ်စခန်း ဖြိုခွဲခံရမှု ၂ လပြည့် ဒေသခံ ၂၀၀၀ ချီတက် ဆန္ဒပြ
2013.01.29
"ဆန္ဒပြတဲ့နေရာမှာ လက်ပန်းတောင်းကြေးနီစီမံကိန်းရပ်စဲရေး၊ နောက်ပြီးတော့ မတရားဖမ်းဆီးထားသူတွေကို ချက်ချင်းလွှတ်ပေးရေး၊၂၉ ရက်နေ့က သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ ပစ်ခွင်းတဲ့ကိစ္စမှာ ယခုထက်ထိ နိုင်ငံတော်အစိုးရက အရေးယူမှုမရှိတဲ့ဟာတွေကို အရေးယူပေးဖို့ ဒီသုံးချက်ကို တောင်းဆိုတာပါခင်ဗျာ"
ဆန္ဒပြတဲ့ ဒေသခံတွေဟာ နေ့လည် ၁၁ နာရီမှာ တုံရွာသပိတ်စခန်းက စတင်လမ်းလျှောက်ခဲ့ကြပြီး လက်ပန်းတောင်းတောင်ခြေက စီမံကိန်းဖော်ဆောင်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီနဲ့ ဦးပိုင်ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှေ့မှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး၊ သပိတ်စခန်းဖြိုခွဲခံရမှုမှာ တာဝန်ရှိသူတွေကို အမြန်ဖော်ထုတ်ပေးရေးစတဲ့ အချက်တွေကို ကြွေးကြော်ခဲ့ကြပြီး ညနေ ၄ နာရီမှာ ညောင်ပင်ကြီးဆိပ်ကမ်းအထိ လမ်းလျှောက်ဆန္ဒ ဖော်ထုတ်ခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲကို ဒေသခံအာဏာပိုင်တွေဘက်က အနီးကပ်စောင့်ကြည့်တာမျိုးတွေနဲ့ ဓါတ်ပုံရိုက် မှတ်တမ်းတင်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။