လက်ပန်းတောင်း သပိတ်ဖြိုခွဲမှုနဲ့ မီးလောင်ဗုံး
2012.11.29

"အဲဒါက နိုင်ငံတကာမှာ သုံးနေတဲ့ အဓိကရုဏ်းနှိမ်နှင်းတဲ့ လက်နက်၊မီးခိုးဗုံးပါ၊မျက်ရည်ယိုဗုံးလို့ ခေါ်ပါတယ်။မီးခိုးဗုံးကျတဲ့ အချိန်မှာ ပေါက်ကွဲမှုနည်းနည်းဖြစ်တယ်။အဲဒီကနေပြီးမှ အဲဒီမီးခိုးဗုံးမှာ မီးလောင်တဲ့ ဥစ္စာရှိပါတယ်။အဲဒါက သူ့Chemical ပေါ့၊အဲဒီ Chemical လေးတွေ စင်တတ်ပါတယ်။"
နိုဝင်ဘာ ၂၉ ရက်နေ့မနက်ပိုင်းက သပိတ်စခန်းတွေကို အင်အားသုံးဖြိုဖျက်လိုက်တာဟာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက် မဟုတ်ဘဲ၊ပြည်ထောင်စု အစိုးရအဖွဲ့ရုံးစိုက်ရာ နေပြည်တော်က တိုက်ရိုက်ညွှန်ကြားချက်ကြောင့် ဖြစ်တယ်လို့ ဗိုလ်မှုးကြီးယုလွင်က ဆက်လက် ပြောပါတယ်။
ဒါပေမယ့် အဲဒီအဖြစ်အပျက်ကို ကိုယ်တွေ့ကြုံတွေ့လိုက်ရတဲ့ မြန်မာနိုင်ငံ ဝိဇ္ဇာ၊သိပ္ပံ တက္ကသိုလ် ကျောင်းသားများ အဖွဲ့တာဝန်ခံ ကိုသောင်းထိုက်ကတော့ အာဏာပိုင်တွေက သပိတ်စခန်းတွေကို ဖြိုခွဲရာမှာ မီးလောင်ဗုံးတွေလည်း သုံးတယ်လို့ အခုလို ပြောပါတယ်။
"သုံးသွားတဲ့ဗုံးက နှစ်မျိုးပေါ့နော်၊ မျက်ရည်ယိုဗုံးရယ်၊ မီးလောင်ဗုံးရယ်၊ မီးလောင်ဗုံးတစ်မျိုးက ကျွန်တော်အခွံ့တစ်ခုတော့ရထားလိုက်တယ်၊ သူမှာရေးထားတာက LOD 01/12/95"
ဒီကနေ့ ဆေးရုံမှာ မီးလောင် ဒဏ်ရာတွေရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ သံဃာတော်တွေနဲ့ လက်ပန်းတောင်အရေး လှုပ်ရှားသူတစ်ချို့ရဲ့ ဓာတ်ပုံတွေကို လေ့လာကြည့်တဲ့ အခါမှာ အာဏာပိုင်တွေဟာ မီးလောင်ဗုံးကို အသုံးပြုပြီး၊သပိတ်စခန်းတွေကို ဖြိုခွဲခဲ့တယ်လို့ ဓာတုဗေဒပညာရှင် ဒေါက်တာ ခင်မောင်ညိုက ပြောပါတယ်။
" မျက်ရည်ယိုဗုံးဆိုရင် မျက်စိစပ်လာမယ်၊ လည်ချောင်းတွေယားလာမယ်၊ မီးလောင်ဖုတွေထွက်လာမယ်ဗျာ၊ ဒီလိုမျိုးမီးလောင်တာမျိုးတွေတော့ ကျွန်တော်တို့ တစ်ခါမှ မတွေ့ဖူးဘူး၊ အဓိက ကတော့ မီးလောင်ဗုံးဖြစ်ဖို့များတယ်"
နိုဝင်ဘာ ၂၉ ရက်နေ့ မနက်က သပိတ်စခန်းတွေကို အင်အားသုံးဖြိုခွဲခဲ့တဲ့အတွက် သံဃာတော် ၂၉ ပါးဟာ မုံရွာပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံယူနေတယ်လို့ သိရပြီး၊ဒဏ်ရာ ပြင်းထန်တဲ့ သံဃာတော် တစ်ပါးကိုတော့ မန္တလေးဆေးရုံကြီးကို ပို့ဆောင်ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
လက်ပန်းတောင် သပိတ်စခန်းမှာ သတင်းသုံးခဲ့တဲ့ ဆရာတော် ဇဝနကို ဦးနေရိန်ကျော်က လျှောက်ထားခဲ့ပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |
ပခုက္ကူမြို့က ဆရာတော် ဦးဥတ္တရ ကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်က လုံခြုံရေးတွေက ဝင်ရောက် ဖြိုခွင်းမှု အခြေအနေကို ဦးဝင်းနိုင်က လျှောက်ထားမေးမြန်းထားပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |
စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က သပိတ်မှောက် ဆန္ဒပြနေသူတွေကို အင်အားသုံးဖြိုခွဲခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရ အဖွဲ့က ဗိုလ်မှူးကြီး ယုလွင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |