သံဃာလေးပါးအပေါ် တရားစွဲဆို ထားမှု ရုပ်သိမ်းပေးရေးတင်ပြ
2015.04.29

လန်ဒန်ဆရာတော် ဦးဥတ္တရနဲ့ သံဃာ ၄ ပါးက ဘာသာ သာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က) နဲ့ တရားစွဲဆိုခံ ထားရတဲ့အမှုကို ပယ်ဖျက်ပေး ဖို့ နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ စာတင်လိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး တိုင်းသာသနာရေးမှူး ဦးစိန်မော် က ပုဒ်မ ၂၉၅(က) နဲ့ တရားစွဲထားတာဟာ သူ့သဘော နဲ့သူ စွဲဆိုထားတာမို့ ပယ်ဖျက်ပေးဖို့ အတွက် ပြည်ထောင် စုတရားလွှတ်တော်ဆီ စာတင်ခဲ့တာလို့ ဆရာတော် ဦးဥတ္တရ က မိန့်ကြားပါတယ်။
"သာသနာရေးဌာနကိုလည်း ၂၉၅(က)နဲ့ တရားစွဲ မယ်ဆိုတာကို တောင်းခံမှုမရှိဘဲနဲ့ လုပ်တယ် ဆိုတော့ ဘုန်းကြီးတို့ကို ထောင်မကျကျအောင် တနည်း အားဖြင့်ပြောရင် လူချွတ် ပြီးတော့ ထောင်ချလိုတဲ့စိတ်နဲ့ ဘုန်းကြီးတို့ကို ဦးစိန်မော်က တရားစွဲလိုက်တာပေါ့နော်၊ ဝန်ထမ်း တစ်ယောက်ရဲ့ ဥပဒေဘောင်ကျော်ပြီးတော့ လုပ်နေတာကို ရန်ကုန်တိုင်း တရားလွှတ်တော်ချုပ်ကို တင်ပြတဲ့အခါမှာ ငြင်းပယ်တဲ့အတွက်ကြောင့် မှန်မှန်ကန်ကန် တင်ပြနိုင်အောင် ဘုန်းကြီးတို့က ပြည်ထောင် စုတရားလွှတ်တော်ချုပ်ကိုတင်ပြီး အခုချေဖျက်ပေးဖို့ တောင်းဆိုတာပါ"
မဟာသန္တိသုခကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာအပါး၂၀ ခန့်ကို ပြီးခဲ့တဲ့နှစ် ဇွန်လ ၁၀ ရက်နေ့ညက သံဃာ့ မဟာနာယကအဖွဲ့အမိန့်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ သာသနာရေးဝန်ကြီး တို့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ကျောင်းတိုက်ကိုလည်း ချိတ်ပိတ်ခဲ့ပါတယ်။
အဲဒီနောက် လန်ဒန်ဆရာတော် ဦးဥတ္တရနဲ့ သံဃာ ၄ ပါးကို သံဃာ့အဖွဲ့အစည်း စကားနားမထောင်မှု ၂၀/၉၀၊ ပုဒ်မ ၂၉၅ (က) သာသနာညှိုးနွမ်းစေမှုနဲ့ ရန်ကုန် တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှူး ဦးစိန်မော်က တရားလိုလုပ်ပြီး တာမွေမြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၊ သာသနာရေးဦးစီး ဌာနတွေက မတရားဖမ်းဆီးချုပ်နှောင် ခဲ့တယ်ဆိုပြီး နစ်နာကြေး အမေရိ ကန်ဒေါ်လာငါးသန်းပေးဖို့ လန်ဒန်ဆရာတော်နဲ့ သံဃာ ၄ ပါးတို့က တောင်းဆိုထား တယ်လို့ သိရပါတယ်။