လက်ပံတောင်းတောင်အရေး တတိယ အကြိမ်မြောက် ကြေညာချက်ထုတ်
2012.12.22
အဲဒီထုတ်ပြန်ချက်ထဲမှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်ထိခိုက်မှု၊ ဒေသခံတွေရဲ့ လူနေမှုဘဝတွေ အပေါ် အကျိုးသက်ရောက်မှု ရှိ၊ မရှိကို အကဲဖြတ်နိုင်ဖို့အတွက် ပညာရှင်တွေပါဝင်တဲ့ ကျွမ်းကျင်သူ အဖွဲ့တစ်ခုကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ကနေ ဖွဲ့စည်းသွားမယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် သိမ်းဆည်းထားတဲ့ မြေယာလျော်ကြေးတွေနဲ့ ပတ်သက်ပြီး ဆက်လက်လေ့လာ စုံစမ်းတာတွေ ပြုလုပ်ဦးမယ်လို့ သိရပါတယ်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအခြေအနေတွေအပေါ် စုံစမ်းစစ်ဆေး တာတွေကို ထိထိရောက်ရောက် ဆက်လုပ်သွားမယ်ဆိုတဲ့ ထုတ်ပြန်ချက်မှာ ပါတဲ့အချက်ကို ကျေနပ်တယ်လို့ ဒေသခံအမျိုးသမီး တစ်ဦးဖြစ်တဲ့ မအေးနက်က RFA ကို ပြောပါတယ်။
" လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အခြေအနေတွေ အားလုံးကို တကယ်ကို ထိထိရောက်ရောက် စုံစမ်းမယ်ဆိုရင် ပြောစရာဆိုလို့ ကန့်ကုံးတို့၊ ဒုံးတောတို့ပဲရှိတယ်"
ဒီဇင်ဘာ ၂၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားတဲ့ လက်ပံတောင်းတောင်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်မှာ အချက်ပေါင်း ၁၇ချက် ပါဝင်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တာဝန်ပေးအပ်ထားတဲ့ လက်ပံတောင်းတောင်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ၁၆ ဦးတို့ဟာ ဒီဇင်ဘာလ ၅ရက်နေ့ကနေ ၁၅ရက်နေ့အထိ လက်ပန်းတောင်း တောင်ကြေးနီစီမံကိန်းနဲ့ သက်ဆိုင်တာတွေအားလုံးကို ပဏာမကွင်းဆင်းစုံစမ်း လေ့လာတာတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က တောင်သူလယ်သမားအရေးဆောင်ရွက်သူ ကိုထွန်းမြင့်အောင်ကို အာအက်ဖ်အေ အဖွဲ့သား ဦးတင်အောင်ခိုင်က မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |