နိုင်ငံရေးအရ ထိုးနှက်ရင် အရေးယူမယ်လို့ USDP ကြေညာချက်ထုတ်
2017.04.30

ပျောက်ဆုံးနေတဲ့ မကွေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကိစ္စကို အသုံးချပြီး ပါတီကို နိုင်ငံရေးအရ ထိုးနှက်လာရင် ဥပဒေကြောင်းအရ အရေးယူ သွားမယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဧပြီ ၂၈ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး အရင်ဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွှေကလည်း ဥပဒေကြောင်းအရ ပြန်လည်ဖြေရှင်းနေ ပြီလို့ ဒေါက်တာနန္ဒာ လှမြင့်က ပြောပါတယ်။
''ကျနော်တို့ပါတီဘက်ကတော့ စွပ်စွဲချက် စတင်ပေါ်ပေါက်ကတည်းက ကျနော်တို့ပါတီကို ပေးခြင်းရှိ မရှိ စစ် ဆေးတာပေါ့၊ မရှိဘူး ဒါကြောင့်မဟုတ်တဲ့ အကြောင်း တောက်လျှောက်ပြော လာတာလေ၊ လက်ရှိအစိုးရက ဒီဖြစ်စဉ်သူတို့သိဖို့ လိုအပ်တယ် ရှင်းလင်းဖို့ လိုအပ်တယ်ဆိုတော့လည်း ဦးဖုန်းမော်ရွှေ ကို ခေါ်ယူပြီးတော့ ဒီကိစ္စ တွေ မေးမြန်းပြီးတော့ စီစဉ်ဆောင်ရွက်လိုက်ရင် ပြီးသွားမယ့်ကိစ္စလို့ ကျနော်တို့က ဒီလိုပဲမြင်တယ်၊ ဦးဖုန်းမော်ရွှေကပဲ စီစဉ်ဆောင်ရွက်ရမယ့်ကိစ္စလေ၊ ဥပဒေနဲ့အညီဆောင် ရွက်ရင် ပြီးသွားမယ့်ကိစ္စလေ''
အခုလိုကိစ္စမျိုးတွေဖြစ်ကတည်းက ပါတီဌာနချုပ်မှာ ပြန်လည်စစ်ဆေးပြီး ပါတီကို လှူဒါန်းခဲ့တာမျိုးတွေမရှိခဲ့ တဲ့အတွက် ကြေညာချက်တာဖြစ်တယ် လို့လည်း ပြောပါတယ်။
အစိုးရအကူးအပြောင်းမှာ မကွေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ၇ ဘီလီယံကျော် စာရင်းပျောက်နေ တာကို စစ်ဆေးတွေ့ရှိခဲ့ရတာဖြစ်ပြီး အရေးယူဆောင်ရွက်ဖို့အတွက် နိုင်ငံတော် သမ္မတရုံးက ညွှန်ကြား ထားပါတယ်။
အဲဒီ ငွေကြေးတွေထဲက ငွေကျပ် ၃ ဘီလီယံကို ၂၀၁၇ ခုနှစ် ဇူလိုင် လ မတိုင်ခင် လက်ရှိအစိုးရ ကို ပေးသွင်းသွားမယ်ဆိုပြီးလည်း ဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွှေက မကွေးတိုင်း အစိုးရအဖွဲ့ကို စာပေးပို့ထားပါတယ်။
ဒါ့အပြင် အဲဒီငွေတွေနဲ့ ယာဉ်ယန္တရားတွေကို ဦးဖုန်းမော်ရွှေ ကိုယ်စား ရွှေသုခ အသေးစားငွေရေး ကြေးရေး လုပ်ငန်းက ဦးကြည်ထွန်းကနေတဆင့် လွှဲပြောင်းပေးမယ်လို့လည်း အဲဒီစာမှာ ပါရှိပါတယ်။