မလေးရှားမှာ ကျောက်မီးသွေး တွင်း ပေါက်ကွဲမှု မြန်မာ တစ်ဦး သေဆုံး
2014.11.23
မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်က ကျောက်မီးသွေးတွင်းတစ်ခု မနေ့မနက် ၉ နာရီလောက်က ပေါက်ကွဲလို့ အလုပ်သမား ၃ ယောက်သေဆုံး မှုမှာ မြန်မာနိုင်ငံသားတစ်ယာက်ပါဝင်တယ်လို့ မနေ့ကထုတ်တဲ့ မလေးရှားနိုင်ငံ က ဘာနားမားသတင်းတစ်ပုဒ်မှာ ဖေါ်ပြထားပါတယ်။ကျန်နှစ်ဦးကတော့ အင်ဒိုနီးရှားနဲ့ မြောက်ကိုရီးယားဖြစ် တယ်လို့သိရပါတယ်။
မိုင်းတွင်းရဲ့အတွင်းပိုင်း မီတာ ၇၀ လောက်မှာ ဂက်စ်မီးကနေပေါက်ကွဲတာလို့သိရပြီး၊ အဲဒီ့ဖြစ်ရပ်မှာ အလုပ်သမား ၁၆ ယောက် ဒဏ်ရာရကြတယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေကို ဆီရီယံခရိုင်ဆေးရုံကို ပို့ထားတယ်လို့သိရ ပါတယ်။အဲဒီ့ကျောက်မီးသွေးတွင်းမှာ အလုပ်သမား ၁၁၉ ယောက်ရှိပြီး၊ မြန်မာ၊ တရုတ်၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြောက်ကိုရီးယားတွေဖြစ်တယ်လို့ သိရပါတယ်။