ရွှေဝါရောင် သံဃာများ ကျောင်းတိုက်က ပြန်ထွက်ပေးဖို့ ဝန်ခံလက်မှတ်ထိုးရ

နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က ဆင့်ခေါ်ခြင်းခံရတဲ့ သံဃာတွေကို ဒီကနေ့ ဆုံးမ သြဝါဒပေးပြီး ဝင်ရောက် သီတင်းသုံးနေတဲ့ ကျောင်းတိုက်က ထွက်ခွာဖို့ ဝန်ခံ လက်မှတ်ထိုးခိုင်းတယ်လို့ လက်မှတ် ရေးထိုးခဲ့တဲ့ သံဃာတွေက အာအက်ဖ်အေကို မိန့်ပါတယ်။

2012.01.27
ashin-eittriya-meggin-b305 အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသော မဂ္ဂင်ကျောင်းဆရာတော် ဦးဣဿရိယ ကို ပျက်စီးနေသည့် မဂ္ဂင်ကျောင်းတွင် တွေ့ရစဉ်။
RFA

သံဃာ့ မဟာနာယကအဖွဲ့က ဆင့်ခေါ်ခဲ့တဲ့ သံဃာငါးပါးဟာ ရွှေဝါရောင် လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ဇန်နဝါရီလထဲမှာမှ အကျဉ်းထောင်တွေ ကနေ ပြန်လွတ်လာတဲ့ သံဃာတွေ ဖြစ်ကြပါတယ်။ ကျောင်းတိုက်များကို တရားမဝင် ဝင်ရောက်မှုနဲ့ သံဃာတွေကို တိုင်းဒေသကြီးက တရားစွဲဖို့ ပြင်ဆင်ခဲ့ပြီး နိုင်ငံတော် သံဃာ့ နာယကအဖွဲ့က ဆင့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

အဆင့်ခေါ်ခံ သံဃာငါးပါး ကတော့ ၂၀၀၇ သံဃာ့ အရေးအခင်းရဲ့ ဦးဆောင် ဆရာတော်တစ်ပါး ဖြစ်တဲ့ အရှင်ဂမ္ဘီရ၊ ဦးဣဿရိယ၊ ဦးဝိသုဒ္ဓိ၊ ဦးပဏ္ဍဝံသနဲ့ သံလျှင် အောင်ဗောဓိကျောင်းက ဦးပညာသီဟတို့ပါ။

သံဃာတော်တွေထဲက အရှင်ဂမ္ဘီရနဲ့ ဦးဣဿရိယတို့ ခရီးလွန်နေတာကြောင့် ကြွရောက်နိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။ ရန်ကုန်မြို့ ကမ္ဘာအေး ဥတ္တရကုရု ကျောင်းဆောင်မှာ ဒီကနေ့ ဆရာတော်ကြီးများက သြဝါဒပေးပြီး နိုင်ငံတော် သံဃာ့ နာယကအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ တရားဝင် သိက္ခာထပ်ဖို့ မိန့်ကြားတယ်လို့ ဦးပညာသီဟက မိန့်ပါတယ်။

ဒါ့အပြင် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက် နေထိုင်တဲ့ ကျောင်းတိုက်က ပြန်ထွက်ပေးဖို့ ဝန်ခံလက်မှတ် ထိုးခဲ့ရပါတယ်။ ဒီကိစ္စကို တိုင်းသံဃာ့ မဟာနာယကအဖွဲ့က ၁၀ ရက်အတွင်း ပြန်လည် ဆောင်ရွက်ပေးမယ်လို့ ဆရာတော်ကြီးများက ကတိပြုကြောင်း သိရပါတယ်။

ဦးပညာသီဟကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-01-28 23:18

အော် ပြေးဖို့ နေရာ မရှိဘူး ဆိုတာ ဒီလိုခောတ်ပါလား