နယ်လုံဝန်ကြီး ၇ ဦး အစားထိုးပြောင်းလဲ


2017.06.30
military-mp-changed-620.jpg ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၂၉ ရက်နေ့ကထုတ်ပြန်တဲ့ တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၇ ဦး အစားထိုးပြောင်းလဲတဲ့ ကြေညာချက်ကိုတွေ့ရစဉ်
Photo: Union Election Commission FB

တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေး ရာဝန်ကြီး ၇ ဦး နေရာကို အခြားတပ်မတော်သား ၇ ဦးနဲ့ အစားထိုးပြောင်းလဲလိုက်တယ်လို့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီ ဥပဒေနဲ့အညီ တင် သွင်းလိုက်တဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းတွေကို  ကော်မရှင် အနေနဲ့ ပြောင်းလဲပေး လိုက်တာလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်း က ပြောပါတယ်။

"တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနဲ့အညီတင်သွင်းတဲ့ ကိုယ်စားလှယ်တွေကို ကျနော်တို့က အဲဒီလိုပဲ အမိန့်ထုတ်ပြန် အဲဒီသဘောပဲရှိတယ်၊ ဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ဥပဒေနဲ့ အညီ အမည်စာရင်းတင်သွင်းသော တပ်မတော်သားကိုယ်စားလှယ်ဆိုတဲ့စာပိုဒ်လေးရှိတယ်၊ လွှတ်တော် ကိုယ်စားလှယ်ကိုပဲ ကော်မရှင်က ပြောင်းလဲပေးလိုက်တာ နောက်ဆက်တွဲတွေကတော့ ကော်မရှင်နဲ့ မပတ်သက်ဘူး’’

လက်ရှိ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုတို့မှာ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးတွေအဖြစ် တာဝန် ထမ်းဆောင်နေ ကြတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကို တိုင်းဒေသကြီး ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၃ နဲ့အညီ အမည်စာရင်း ပြောင်းလဲအစားထိုးလိုက်တာ ဖြစ် ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က မနေ့က ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ကရင်ပြည်နယ်လွှတ်တော်မှာ ဗိုလ်မှူးကြီးအောင်လွင် အစား ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ချင်းပြည်နယ် လွှတ်တော်မှာ ဗိုလ်မှူးကြီး ကျော်ကျော် အစား ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ မကွေးတိုင်းဒေသကြီး ဗိုလ်မှူးကြီး နိုင်ဦး အစား ဗိုလ်မှူး ကြီး မင်းဦး၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ ဗိုလ်မှူးကြီး မျိုးမင်းအောင် အစား ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ ရခိုင်ပြည်နယ်လွှတ်တော်မှာ ဗိုလ်မှူးကြီး ထိန်လင်း အစား ဗိုလ်မှူးကြီး ဖုန်းတင့်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မှာ ဗိုလ်မှူးကြီး တင်အောင် ထွန်းအစား ဗိုလ်မှူးကြီး အောင်စိုးမိုးနဲ့ ရှမ်းပြည်နယ်လွှတ်တော်မှာ ဗိုလ်မှူးကြီး စိုးမိုးအောင် အစား ဗိုလ်မှူးကြီး နိုင်ဝင်းအောင်တို့နဲ့ အသီးသီး အစားထိုးလိုက်တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။