ပခုက္ကူတံတား တစ်နေကုန် ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ထား

2022.01.03
ပခုက္ကူတံတား တစ်နေကုန် ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ထား ပခုက္ကူ ဧရာဝတီမြစ်ကူးတံတားကို တွေ့ရစဥ်
Photo: Citizen Journalist
ပခုက္ကူတံတားကို ဇန်နဝါရီ ၃ ရက် ဒီကနေ့ မနက် ၁၁ နာရီလောက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဒီနေ့ညနေ လေးနာရီအထိ တံတားပေါ် ဖြတ်သန်းခွင့် မရသေးဘူးလို့ ညောင်ဦးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
 
"ပခုက္ကူတံတားမှာ မော်တော်ပီကယ်ရော ရဲတွေရော အများကြီးပဲ။ ကျွန်မတို့ နေ့ခင်းကသွားတာ သွားလို့မရဘူး ပြန်လှည့်လာခဲ့ရတယ်။ မနက်ဖြန်မှ ဖြတ်လို့ရမယ်ထင်တယ်"
 
ဒေသခံတွေရဲ့ အပြောအရ အဲဒီတံတားပေါ်မှာ မိုင်းတွေထောင်ထားလို့ ရှင်းလင်းနေတယ်လို့ ပြောကြပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။
 
ဒီနေ့မနက်ပိုင်းကတည်းက တံတားကိုပိတ်ထားလို့ ပခုက္ကူ - မြင်းခြံလမ်းဆုံမှာ ကားတွေ နှစ်ထပ်ဖြစ်နေပြီး ယာဉ်ကြောတွေပိတ်ဆို့ကာ ခရီးသည်တွေ သွားလာရေးအခက်အခဲ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။
 
ဧရာဝတီတံတား ပခုက္ကူဟာ မန္တလေးတိုင်းနဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကိုဖြတ်ကာ ဆောက်ထားတဲ့တံတားဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။