ဒေသခံတစ်ဦး မိုင်းနင်းမိ


2018.12.31
mine-explosion-622.jpg ၂၀၁၈၊ ဒီဇင်ဘာ ၂၉ ရက်နေ့က မိုင်းပေါက်ကွဲတာကြောင့် ယာဘက်လက်နဲ့ ယာဘက်ခြေထောက်တွေမှာ ဒဏ်ရာရတဲ့ ပုဏ္ဏားကျွန်းမြို့နယ် လိပ်ဖကျေးရွာက လူငယ်တစ်ဦးကို တွေ့ရစဉ်
ဓါတ်ပုံ - ဖြူစင်မေတ္တာပရဟိတအသင်းကျောက်တော်မြို့

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် လိပ်ဖကျေးရွာမှာနေထိုင်တဲ့ လူငယ်နှစ်ဦးဟာ ဒီဇင်ဘာ ၂၉ ရက်နေ့က ကျောက်တောမြို့နယ် သလူချောင်းကျေးရွာဘက်ကို ဈေးဝယ်ဖို့ တောင်ကြားလမ်းအတိုင်း ထွက်လာရာမှာ ခမောင်းကျေးရွာအနီးမှာ မိုင်းနင်းမိတာကြောင့် တစ်ဦး ထိခိုက်ဒဏ်ရာရပြီး ကျောက်တော်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်။

မိုင်းပေါက်ကွဲတာကြောင့် ယာဘက်လက်နဲ့ ယာဘက်ခြေထောက်တွေမှာ ဒဏ်ရာတွေရပြီး ဒီနေ့အခြေအနေကတော့ အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ အဲဒီလူငယ်အတွက် အကူအညီတွေပေးနေတဲ့ ကျောက်တော်မြို့ ဖြူစင်မေတ္တာပရဟိတအသင်း ဥက္ကဋ္ဌ ဦးညီပုကပြောပါတယ်။

မိုင်းနင်းမိတဲ့နေရာအနီးက ခမောင်းကျေးရွာဟာ ကျောက်တော်မြို့နယ်အတွင်းက ကျေးရွာဖြစ်ပြီးတော့ အဲဒီရွာအနီးက တောင်တန်းတွေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

ဒါပေမဲ့ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့မိုင်းဟာ ဘယ်အဖွဲ့အစည်းက လုပ်ထားတယ်ဆိုတာ မသိရသေးဘူးလို့ ဦးညီပုက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။