မန္တလေးက နေအိမ် ၂၀၀ ကျော် ထပ်မံဖယ်ရှားခံရ

2022.06.09
မန္တလေးက နေအိမ် ၂၀၀ ကျော် ထပ်မံဖယ်ရှားခံရ မန္တလေးမြို့ ၄၈ နဲ့ ၄၉ လမ်းကြား နေအိမ်များအား ၂၀၂၂ ခုနှစ် ဇွန်လ ၈ ရက်နေ့က ဖျက်သိမ်းခံထားရစဉ်
Photo: Voice Of Mandalay

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်အတွင်းမှာ လမ်းနယ်မြေနဲ့ မလွတ်လို့ဆိုပြီး ပြီးခဲ့တဲ့ ဇွန်လ ဆန်းပိုင်းကနေ ဒီနေ့အထိ နေအိမ် ၂၀၀ ကျော် ဖျက်ဆီးဖယ်ရှားခံခဲ့ရတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

မီးရထားသံလမ်းနဲ့ မလွတ်လို့ဆိုပြီး နေအိမ်တွေကို ဖျက်ဆီးဖယ်ရှားနေတာလို့ ပြည်ကြီး တံခွန်မြိုနယ် (ဋ) ရပ်ကွက်၊ အပိုင်း (၃) မှာနေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အိမ်တွေဖျက်ရမယ်ဆိုရင် စစ်သား၊ ရဲ၊ စည်ပင်တွေက ယူနီဖောင်းတွေနဲ့ရော၊ အရပ် ဝတ်တွေနဲ့ရော ရောက်လာတယ်။ အချိန်က တစ်နာရီလောက်ပဲပေးတယ်၊ ပစ္စည်းတွေ ယူပြီး ထွက်ခိုင်းတယ်။ လမ်းမတွေဆို ဟိုဘက်ထိပ်၊ ဒီဘက်ထိပ် ပိတ်လိုက်တယ်။ ဘယ်သူမှ မပြောရဲကြဘူး၊ အကုန်လုံးကတော့ ငိုနေကြရတာ၊ နောက်ထပ်ကျန်တာတွေ လည်း လာဖျက်မယ်သတင်းကြားလို့ အားလုံးက အထုပ်လေးတွေတော့ ပြင်ထားကြရ တယ်။ ဝယ်ထားတဲ့သူတွေက စာချုပ်အခိုင်အမာနဲ့ ဝယ်ထားတာပါ။ စစ်ကောင်စီက သူတို့လုပ်ချင်သလို လုပ်နေတာပါ“

ပြည်ကြီးတံခွန်မြို့နယ် (ဋ) ရပ်ကွက်မှာဆိုရင် အပိုင်းပေါင်း ၁၀ ကွက်မှာ လူနေအိမ် ၅၀၀၀ ဝန်းကျင်ရှိပြီး အားလုံးဖျက်ရမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတယ်လို့လည်း ဆိုပါ တယ်။

လတ်တလောမှာတော့ အပိုင်း (၁၀) နဲ့ အပိုင်း (၅) ကို ဖယ်ရှားခံထားရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ပြည်ကြီးတံခွန်မြို့နယ်၊ ၄၉ လမ်းပေါ်က နေအိမ်တွေကို စစ် ကောင်စီအုပ်ချုပ်ရေး အဖွဲ့က ဖယ်ရှားနေချိန် အမည်မသိ အမျိုးသားတစ်ဦးက သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။