ဒေသတချို့မှာ MSF လုပ်ငန်းတွေ ပြန်စမည်


2014.03.02
msf-press-305.jpg ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဇန်နဝါရီလ ၃ ရက်နေ့က နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF ရုံးမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
photo: RFA/ Min Thein Aung

နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF Holland (AZG) ရဲ့ ရခိုင်ပြည်နယ်တွင်း လုပ်ငန်းတွေကလွဲပြီး၊ မြန်မာနိုင်ငံတွင်း ဒေသတချို့မှာ လုပ်ငန်းတွေပြန်စဖို့ အစိုးရက ခွင့်ပြုလိုက်ကြောင်း MSF က ပြောပါတယ်။

MSF ရဲ့ လုပ်ငန်းတွေကို ကျန်းမာရေးဝန်ကြီးဌာနက ကြာသပတေးနေ့က ရပ်ဆိုင်းလိုက်တာပါ။ ရပ်ဆိုင်းရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး နှစ်ဘက်လုံးက မဖေါ်ပြခဲ့ကြပေမဲ့၊ သတင်းမီဒီယာတွေကတော့ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး MSF ရဲ့ ပြောဆိုချက်တွေအပေါ် အစိုးရအာဏာပိုင်တွေက စိတ်ဆိုးခဲ့ကြတယ်လို့ ဖေါ်ပြကြပါတယ်။

စနေနေ့ကထုတ်ပြန်ခဲ့တဲ့ MSF ရဲ့ ကြေညာချက်မှာတော့ ရန်ကုန်တိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ လုပ်ငန်းတွေ ပြန်စခွင့်ရခဲ့ကြောင်း၊ ဒီအတွက် MSF အနေနဲ့ အားတက်မှုနဲ့အတူ လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်တော့မှာဖြစ်ပေမဲ့၊ တချိန်တည်းမှာလည်း ရခိုင်ပြည်နယ်က ထောင်နဲ့ချီတဲ့လူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် စိုးရိမ်မိကြောင်း၊ MSF ရဲ့ ဝန်ဆောင်မှုအားလုံးဟာ လူမျိုး ဘာသာနဲ့ တခြားအချက်တွေကိုမကြည့်ဘဲ ဆေးဝါးကုသမှု လိုအပ်ချက်အပေါ်မှာသာ အခြေခံပြီးဆောင်ရွက်နေတာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဆေးခန်းတွေပိတ်လိုက်ရတဲ့အတွက် HIV/ AIDS ဝေဒနာရှင် သုံးသောင်းနဲ့ တီဘီ အဆုတ်နာဝေဒနာရှင် သုံးထောင်တို့ အဓိကလိုအပ်နေတဲ့ ဆေးဝါးတွေ မရနိုင်တော့ဘူးလို့လည်း MSF က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။