အမေရိကန်ရဲ့ လူမှောင်ခို စောင့် ကြည့်စာရင်းမှာ မြန်မာ ဆက် ရှိနေဆဲ
2015.07.27
လူမှောင်ခိုကိစ္စ တိုက်ဖျက်ရေးလုပ်ငန်းအခြေအနေတွေနဲ့ ပတ်သက်ပြီး၊ မြန်မာနိုင်ငံဟာ ဆက်လက် စောင့်ကြည့် သွားရမယ့် နိုင်ငံစာရင်းထဲမှာ ပါဝင်နေဆဲဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တဲ့ ၂၀၁၅ နှစ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံသားတွေဟာ ထိုင်းနဲ့ တရုတ်အပါအဝင် ဒေသတွင်း အရှေ့တောင်အာရှနိုင်ငံတွေမှာသာမက၊ အရှေ့အလယ် ပိုင်းနိုင်ငံတွေအထိပါ လူမှောင်ခိုကူးခံနေကြဆဲဖြစ်ပြီး၊ ကျေးကွန်သဖွယ် အဓမ္မခိုင်းစေခံရ၊ လိင်လုပ်ငန်းတွေမှာ ရောင်း စားခံနေကြရဆဲဖြစ်နေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ မြန်မာအစိုးရဟာ အဲဒီလူမှောင်ခို ပြဿနာကို တိုက်ဖျက်နိုမ်နင်း ရာမှာ သိသာထင်ရှားတဲ့ တိုးတက်အောင်မြင်မှုတွေ ရရှိတာ မတွေ့ရဘူးလို့လည်း ဖော်ပြပါတယ်။
ဒီအတွက် မြန်မာနိုင်ငံဟာ လူမှောင်ခို တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး အဆင့် ၂ ဖြစ်တဲ့ စောင့်ကြည့်သွားရမယ့် နိုင်ငံ စာရင်းထဲမှာ ဆက်လက် ပါဝင်နေပါတယ်။
အခုအခါ လူမှောင်ခိုလုပ်ငန်းမှာ သန်းနဲ့ ချီတဲ့ လူကုန်ကူးခံရသူတွေဟာ တရားမဝင် အလုပ်အကိုင်တွေမှာ မတရား သဖြင့် အခိုင်းခံနေကြရပြီး၊ ကမ္ဘာ့စီးပွားရေးထဲမှာ လည်း လူမှောင်ခိုလုပ်ငန်းက ဝင်ရောက်လာတဲ့ ငွေကြေးတွေ အမြောက်အမြားပါဝင်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တဲ့ ၂၀၁၅ နှစ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။