မြန်မာတွေ စမတ်ဖုန်းသုံးမှု အဆမတန်မြင့်မားနေ
2016.12.22

မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ တတိယ ၃ လပတ်အတွင်း နိုင်ငံခြားကနေ လက်ကိုင်စမတ်ဖုန်း အလုံးရေ ၂ သန်းခွဲ တင်သွင်းခဲ့တဲ့အတွက် အရင်နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ၂၆% များလာတယ်လို့ IDC (International Data Corporation) ခေါ် နိုင်ငံတကာ အချက်အလက်စုဆောင်းရေး ကော်ပိုရေးရှင်း က ဒီဇင်ဘာ ၂၂ ရက်နေ့ မနေ့က ကြေညာလိုက်ပါတယ်။
အခုနှစ် ၉ လပိုင်းကုန်အထိ မြန်မာနိုင်ငံကို တင်သွင်းခဲ့တဲ့ စမတ်ဖုန်းအလုံးရေ စုစုပေါင်းက ၇ သန်းခွဲကျော်ပြီလို့ လည်း သိရပါတယ်။ မြန်မာနိုင်ငံသားအများစုဟာ အမေရိကန် ဒေါ်လာ ၅ဝ ကနေ ၁၅ဝ အကြားရှိတဲ့ တန်ဖိုးနည်း စမတ်ဖုန်းတွေကို ဝယ်ယူနေကြတယ်လို့ ဆိုပါတယ်။ မြန်မာပြည်မှာ အများဆုံးရောင်းချနေရတဲ့ စမတ်ဖုန်းက ကိုရီးယားနိုင်ငံထုတ် Samsung ဆမ်ဆောင်းဖြစ်ပြီး တရုတ်နိုင်ငံထုတ် Huawai ဟွာဝေး နဲ့ Vivo ဗီဗို အမျိုး အစားတွေက ဒုတိယနဲ့ တတိယ လိုက်တယ်လို့လည်း IDC နိုင်ငံတကာ အချက်အလက်စုဆောင်းရေး ကော်ပိုရေး ရှင်းရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
မြန်မာပြည်မှာ စမတ်ဖုန်းသုံးစွဲမှု အဆမတန်မြင့်မားလာနေပြီး လာမယ့် ၂ဝ၁၇ ခုနှစ်မှာ အခုနှစ်လောက် မများပေမယ့်လည်း ၉ % တော့ ဆက်လက်တိုးတက်လိမ့်မယ်လို့ IDC က ခန့်မှန်းထားပါတယ်။