မြစ်ဆုံစီမံကိန်း ဆက်လုပ်သူတွေဟာ သမိုင်းတရားခံဖြစ်မယ်လို့ ဦးထွန်းလွင် ပြော


2019.02.03
tunlwin-622.jpg ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်က နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က ကျင်းပတဲ့ မြစ်ဆုံစီမံကိန်းကန့်ကွက်တဲ့ ဟောပြောပွဲမှာ ဦးထွန်းလွင် ကို တွေ့ရစဉ်
Photo: Aung Thain Kha/RFA

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ဆက်လက်လုပ်ဆောင်သူတွေဟာ သမိုင်းတရားခံတွေ ဖြစ်တယ်လို့ မိုးလေဝသနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် ဦးထွန်းလွင်က ဒီနေ့ ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်က နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ ဒီနေ့ ကျင်းပတဲ့ မြစ်ဆုံစီမံကိန်း ကန့်ကွက်တဲ့ ဟောပြောပွဲမှာ ဦးထွန်းလွင်က ပြောခဲ့တာပါ။

သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့က စီမံကိန်းကို ရပ်ဆိုင်းထားခဲ့တာဖြစ်ပြီး ၇ နှစ်အကြာမှာ စီမံကိန်းကို ပြန်လည်စတင်ဖို့ တရုတ်နိုင်ငံဘက်က ကြိုးစားမှုတွေ ရှိလာတာကြောင့် သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြကန့်ကွက်မှုတွေအပြင် ဟောပြော ပွဲတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

မြစ်ဆုံစီမံကိန်း ကန့်ကွက်တဲ့လှုပ်ရှားမှုတွေ ဟောပြောပွဲတွေကို မြန်မာနိုင်ငံအနှံ့က မြို့တွေမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။