NLD နှင့် CRPP အဖွဲ့ ကျောက်ဖြူမှာ လေဘေး အကူအညီပေး
2010.12.16

(Photo: U Kyaw Zaw Win/www.demowaiyan.co.cc)
NLD နဲ့ CRPP မုန်တိုင်း အကူအညီပေးရေး အဖွဲ့ဝင်တွေက ကျောက်ဖြူမြို့နယ် မင်းကန်ကျေးရွာနဲ့ တောင်ရှည် ကျေးရွာတွေက မုန်တိုင်းသင့် ဒုက္ခသည်တွေအတွက် ဆန်အိတ် ၄၀၀ ကျော် ကူညီထောက်ပံ့ပေးခဲ့ကြောင်းနဲ့ အဲဒီဒေသက ကျိုးပေါက်နေတဲ့ ရေကာတာကို ပြုပြင်ပေးဖို့အတွက် ဒေသခံတွေက သူတို့ကို အကူအညီ တောင်းခံခဲ့တယ်ဆိုတဲ့ အကြောင်း ဒီကနေ့ မနက်က အဖွဲ့ချုပ်ကို သတင်းပေးပို့ခဲ့တယ်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။
NLD နဲ့ CRPP ဂီရိမုန်တိုင်း ကူညီပေးရေးအဖွဲ့ဟာ မနက်ဖြန်မှာ မြေပုံမြို့က မုန်တိုင်းဒုက္ခသည်တွေကို သွားရောက် အကူအညီပေးကြမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အဖွဲ့ဝင်တွေဟာ မနေ့ကလည်း မင်းပြင်ရွာကို သွားရောက်ပြီး ဆန်အိတ် ၅၀ နဲ့ အဝတ်အထည်တွေ၊ သင်္ကန်း၊ ထီး၊ ယပ်၊ ဖိနပ်တွေ နဲ့ ဆေးဝါးပစ္စည်းတွေ လှူဒါန်းခဲ့ကြပါတယ်။