NLD ပါတီလူငယ်များကို ကျေးလက်ဒေသဖွံဖြိုးရေး ပညာပေး ဟောပြော

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်ပညာပေး ဟောပြောပွဲတွေ အပတ်စဉ်ကျင်းပနေရာမှာ မတ်လ ၃၁ ရက် ဒီကနေ့ မင်းနိုင်အောင်ကုမ္ပဏီက စိုက်ပျိုးရေးပညာရှင် ဦးစိန်ဝင်းဟန်က ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အကြောင်း သိကောင်းစရာတွေကို ဟောပြော ဆွေးနွေးခဲ့ပါတယ်။

2011.03.31
NLD_21st_anniversary_305_z ၂ဝဝ၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်ဌာနချုပ်ရုံးတွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၂၁ နှစ်မြောက် အခမ်းအနားတွင် လက်ချင်းချိတ်ဆက်ထားသော NLD အဖွဲ့ဝင်များ ဖြစ်ပါသည်။
AFP

ရန်ကုန်မြို့ ရွှေဂုံတိုင်မှာ ရှိတဲ့ ပါတီဌာနချုပ်ရုံးမှာ ဒီကနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့တာပါ။ ဒီဟောပြောပွဲမှာ ရွေးကောက်ပွဲဝင် ပါတီတချို့လည်း တက်ရောက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က အခုလို ပြောပါတယ်၊

“တက်ရောက်တဲ့ လူတွေထဲမှာ ကျွန်တော်တို့ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ နောက် ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) က ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဦးနေဖူးဗဆွေ၊ (ဒေါ်) နေရီဗဆွေ စတဲ့ နိုင်ငံရေးပါတီတွေက ခေါင်းဆောင် ၇ ယောက်လောက် တက်ရောက်လာတာ တွေ့ရပါတယ်။ နောက် တခြားတခြားပေါ့လေ စိတ်ပါဝင်စားတဲ့ မြို့နယ်စည်းတို့ ဘာတို့က အဖွဲ့ဝင်တွေ လာရောက် တက်ရောက်ပါတယ်။ ဦးစိန်ဝင်းဟန်က ဟောပြောပြီးတဲ့နောက် အဲဒီ တက်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေက သူတို့ သိချင် ဆွေးနွေးချင်တဲ့ အချက်အလက်တွေကို မေးမြန်းကြပါတယ်။ မေးမြန်းပြီးတော့ ပါဝင်ဆွေးနွေးကြတာကို တွေ့ရပါတယ်ခင်ဗျ။”

ဟောပြောပွဲမှာ NLD လူငယ်ကွန်ရက်က လူငယ် ၇၀ ကျော်လောက် တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။ NLD ပါတီရဲ့ အပတ်စဉ် လူငယ်ပညာပေး ဆွေးနွေးပွဲကို ကြာသပတေးနေ့တိုင်း ကျင်းပနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။