ဦးကျော်မိုးထွန်းနဲ့ NUCC နိုဘယ်ဆုအမည်စာရင်းတင်သွင်းခံရ

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.02.01
ဦးကျော်မိုးထွန်းနဲ့ NUCC နိုဘယ်ဆုအမည်စာရင်းတင်သွင်းခံရ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က နယူးယောက်မြို့ရှိ ရုံးခန်းတွင် တွေ့ရစဉ်။
RFA

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC တို့ ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းခံထားရပါတယ်။

နော်ဝေနိုင်ငံအခြေစိုက် ငြိမ်းချမ်းရေး သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Peace Research Institute Oslo (PRIO) က ဖေဖော်ဝါရီ ၁ ရက် ဒီနေ့မှာ တင်သွင်းလိုက်တာပါ။

သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂမှာ သူရထားတဲ့ အခွင့်အရေးကို အသုံးချပြီး မြန်မာစစ်ကောင်စီကို တရားဝင် အစိုးရအဖြစ် အသိအမှတ်မပြုဖို့ တောင်းဆိုခဲ့သလို မြန်မာပြည်သူတွေရဲ့ တောင်းဆိုသံတွေကို နိုင်ငံတကာသိအောင် လုပ်ပေးနိုင်ခဲ့တာကြောင့် အမည်စာရင်းတင်သွင်းလိုက်တာလို့ PRIO အဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်အဆုံးသတ်ပြီး ဖက်ဒရယ်နိုင်ငံ ဖြစ်လာစေဖို့ အားလုံးပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

PRIO အဖွဲ့ကတင်သွင်းလိုက်တဲ့ စာရင်းထဲမှာ ဦးကျော်မိုးထွန်း၊ NUCC အဖွဲ့အပြင် အီရန်နဲ့ အာဖဂ္ဂန်နစ္စတန်က လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICJ) တို့လည်း ပါပါတယ်။

တင်သွင်းလာတဲ့ နာမည်စာရင်းတွေကို နိုဘယ်ဆုရွေးချယ်ရေး ကော်မတီက စိစစ်အကဲဖြတ်မှာဖြစ်ပြီး လာမယ့်အောက်တိုဘာလမှာ ဆုရရှိသူစာရင်းတွေကို ကြေညာမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။