ဘိန်းဘုရင် နော်ခမ်းကို လာအို အာဏာပိုင်တွေ လက်ရဖမ်းဆီး

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက မဲခေါင်မြစ်ထဲမှာ တရုတ် ကုန်တင်သင်္ဘောသား ၁၃ ဦး သေဆုံးခဲ့ရတဲ့အမှုမှာ သံသယရှိသူ ဘိန်းဘုရင် နော်ခမ်းကို လာအို အာဏာပိုင်တွေက ဖမ်းဆီးရမိပြီး တရုတ် အာဏာပိုင်တွေထံ လွှဲပြောင်းပေးလိုက်တယ်လို့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက ဒီကနေ့ ဖော်ပြလိုက်ပါတယ်။

2012.04.27

ရှမ်းတိုင်းရင်းသား နော်ခမ်းဟာ ဘိန်းဘုရင် ခွန်ဆာရဲ့ လက်ရုံးဖြစ်ခဲ့ဖူးပြီး ဦးခွန်ဆာရဲ့ MTA တပ်က တပ်မှူးတစ်ဦးလည်း ဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

နော်ခမ်းနဲ့အတူ နောက်လိုက် ၇ ဦးကို မနေ့က မြန်မာနိုင်ငံ တဘက်ကမ်း လာအိုနိုင်ငံ ဘိုကီးအိုးခရိုင်မှာ လာအိုအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက တရုတ်သင်္ဘောသား ၁၃ ဦး သေဆုံးနေတဲ့နေရာမှာ အေကေ ၄၇ သေနတ်တွေနဲ့ စိတ်ကြွဆေးပြား တစ်သန်းနီးပါးကိုပါ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

နော်ခမ်းဟာ မြန်မာ လာအိုနဲ့ ထိုင်းအစိုးရတို့က ဖမ်းဝရမ်း ထုတ်ခံထားရသူဖြစ်ပြီး မြန်မာနဲ့ ထိုင်းနိုင်ငံကြားမှာ မှောင်ခို မူးယစ်ဂိုဏ်း ခေါင်းဆောင်တစ်ဦးအဖြစ် မြန်မာအစိုးရက သတ်မှတ်ထားပါတယ်။

နော်ခမ်းကို မဖမ်းမိခင်မှာ သူ့ရဲ့အိမ်ဖော်အမျိုးသမီးထံက စိတ်ကြွဆေးပြား တစ်သန်း၊ ရွှေ တစ်ကီလို၊ ထိုင်းဘတ်ငွေ ၇၄ သန်း ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။