မိုးကြီးပြီး ရေတိုက်စားမှုကြောင့် ဖားကန့်မှာ အိမ်အလုံး ၃၀ ကျော် ပျက်စီး


2016.06.20
pharkant-flooding-620.jpg ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် မိုးကြီးပြီး ရေတိုက်စားမှုကြောင့် ပျက်ဆီးသွားသော လူနေအိမ်တွေကို ဇွန်လ ၂ဝ ရက်နေ့ က တွေ့ရစဉ်
Photo: Layang Tuhkawng/ Facebook

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုက လေးအိမ်စုရွာမှာ ဒီကနေ့ မိုးကြီးပြီး ရေတိုက်စား တာကြောင့် အိမ်အလုံး ၃၀ ကျော် ပျက်စီးဆုံးရှုံးပြီး လူ တစ်ရာကျော် အိုးမဲ့ အိမ်မဲ့ဖြစ်နေပါတယ်။

အိမ်ထောင်စု သုံးဆယ်ကျော်ဟာ ကုဋေမှော် ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတယ်လို့ အဲ့ဒီနေရာကို သွားရောက်ခဲ့တဲ့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။

"အခုမနက် ၁ နာရီဝန်းကျင်ကစပြီးတော့ ဝင်လာတဲ့ရေပမာဏက များတဲ့အခါကျတော့ ချောင်းထဲကို မစီးတော့ဘဲ နဲ့ လမ်းမကြီးပေါ် ရေကစီးသွားတယ်၊ ရေပမာဏများတဲ့အခါကျတော့ ချောင်းနားမှာဆောက်ထားတဲ့ အိမ်တွေ ကို ရေတွေတိုက်စားသွားတယ်၊ တချို့တွေဆို အိမ်အလုံးလိုက် ပျောက်သွားတယ်၊ လုံးဝအလုံးလိုက် ပြုတ်ကျသွား တဲ့အိမ်တွေက ၁၂ လုံးရှိတယ်၊ တချို့တပိုင်းတစ ပျက်စီးသွားတဲ့အိမ်တွေက ၂၄ လုံးရှိတယ်၊ အိမ် ၃၆ လုံးက ဒုက္ခသည်ရာချီ ရေးဘေးဒုက္ခသည်ဖြစ်နေတယ်"

ဖားကန့်ဒေသမှာ မိုးရွာတဲ့အခါ ရေကြီးပြီး မြေပြိုတာတွေကြောင့် သေဆုံးသူ ရှိပါတယ်။

ကျောက်တူးဖော်ရေး ကုမ္ပဏီတွေက စက်ယန္တရားတွေနဲ့ အလွန်အကျွံတူးဖော်ပြီး စွန့်ပစ်မြေစာတွေကြောင့် မိုးရွာတဲ့ အခါ ရေစီးကြောင်းတွေဟာ မူလချောင်းတွေ အတိုင်း မစီးနိုင်တော့ပဲ လူနေအိမ်ခြေတွေကို ဝင်ရောက်တိုက်စား မှုတွေ ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အလားတူ မိုးညှင်းမြို့နဲ့ မိုးကောင်းမြို့တွေက ရပ်ကွက်တချို့မှာလည်း မိုးကြီးပြီး ရေနစ်မြုပ်မှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလအတွင်း ကချင်ပြည်နယ်မှာ မိုးကြီးတာကြောင့် ပူတာအို၊ ဆော့လော်၊ ဗန်းမော် စတဲ့မြို့နယ်တွေမှာလည်း လူနေအိမ်တွေနဲ့ စိုက်ပျိုးမြေတွေ ဆုံးရှုံးခဲ့ပါတ

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းများ
မေလကုန်အထိ အပစ်ရပ်သက်တမ်းတိုးကြောင်း စစ်ကောင်စီကြေညာ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။