ရိုက်တာ သတင်းထောက်တွေ အယူခံ ဒီဇင်ဘာ ၂၄ ရက်နေ့ စတင်ကြားနားမည်
2018.12.08

ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ရဲ့ အမှု အယူခံကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ စတင်ကြားနားမယ်လို့ တိုင်းတရားလွှတ်တော်က ကြိုတင် အသိပေးစာရင်းအရ သိရပါတယ်။
ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့နှစ်ဦးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာ ရခိုင်ပြည်နယ်က ရဲကင်းစခန်းတွေရဲ့ လုံခြုံရေးတွေနဲ့ ပတ်သက်တဲ့ စာရင်းတွေကို လက်ဝယ်တွေ့ရှိလို့ဆိုပြီး ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးကာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့က မြောက်ပိုင်းခရိုင် တရားရုံးကနေ ထောင်ဒဏ် ၇ နှစ်စီ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ရိုက်တာ သတင်းထောက် ၂ ဦးကို ပြန်လွှတ်ပေးဖို့အတွက် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာသမားတွေ နိုင်ငံတကာ အဖွဲ့အစည်းတွေကပါ တောင်းဆိုနေကြတာပါတယ်။
ဒါ့အပြင် ဒီအမှုကို ပြန်လည်စီစစ်ပေးဖို့ နိုင်ငံတော် သမ္မတကို တင်ပြတောင်းဆိုးချက်တွေလည်း ရှိနေပါတယ်။