ဘင်္ဂါလီ ရိုဟင်ဂျာ အခြေအနေ AI အဖွဲ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
2012.07.10
အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီမြို့တော်က သတင်းထောက်များ အသင်းတိုက်မှာ မြန်မာနိုင်ငံက ဘင်္ဂါလီ ရိုဟင်ဂျာများရဲ့ အခြေအနေအကြောင်း ဇူလိုင်လ ၁၀ ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး နိုင်ငံတကာ လွှတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ အမြင်သဘောထားတွေကို မစ္စတာ တီ ကူးမားက ပြောဆိုခဲ့တာပါ။
သူက ဘင်္ဂါလီ ရိုဟင်ဂျာတွေဟာ ဘာသာရေးကို အခြေခံပြီး ဖိနှိပ်ခံနေရကြောင်း၊ နိုင်ငံမဲ့ ဖြစ်နေတဲ့အတွက် ရရှိသင့်တဲ့ ပညာသင်ခွင့်၊ ခရီးသွားခွင့်တွေ ဆုံးရှုံးနေကြောင်း သူက ပြောပါတယ်။ ဒါ့အပြင် လူမျိုးတခုထဲကို ဦးတည်ပြဋ္ဌာန်းတဲ့ လက်ထပ် ထိမ်းမြားခွင့်ကိုပါ ဆုံးရှုံးနေတယ် လို့ ပြောပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် တွန်းအားပေး ဆောင်ရွက်နေတဲ့ နိုင်ငံတကာက ဒီလို လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ထုတ်ဖော် ပြောဆိုသင့်တယ်။ အမေရိကန် ခေါင်းဆောင်တွေနဲ့တကွ နိုင်ငံတကာ ခေါင်းဆောင်တွေကို ဘင်္ဂါလီ ရိုဟင်ဂျာတွေရဲ့ အရေးနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောဆိုဖို့ တိုက်တွန်းကြဖို့ကိုလည်း နိုင်ငံတကာ လွှတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ အာရှပစိဖိတ်ရေးရာ လှုံ့ဆော်ရေးမှူး မစ္စတာ တီ ကူးမားက ပြောသွားပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဒေါ်နန်းခမ်းထွေးရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။
![]() |
သတင်းပေးပို့ချက်။ |
![]() |
အသံဖိုင်ယူရန်။ |