ရိုဟင်ဂျာ ၁၈၀,၀၀၀ ကို ပြန်လက်ခံဖို့ မြန်မာ အတည်ပြု

RFA Burmese
2025.04.05
ရိုဟင်ဂျာ ၁၈၀,၀၀၀ ကို ပြန်လက်ခံဖို့ မြန်မာ အတည်ပြု ရိုဟင်ဂျာဒုက္ခသည်များ ကော့ဘဇားရှိ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ဖြန့်ချီရေးစင်တာတွင် ကုန်ပစ္စည်းများဝယ်ရန် စောင့်ဆိုင်းနေစဉ်။ Photo: Mohammad Ponir Hossain/Reuters]
Reuters

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက တစ်သိန်းရှစ်သောင်းကို ပြန်လက်ခံမယ်လို့ စစ်ကောင်စီက အတည်ပြုခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။

၂၀၁၈ ကနေ ၂၀၂၀ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာကို ခြောက်သုတ်ခွဲပြီး တင်ပြခဲ့တဲ့ ရိုဟင်ဂျာ ၈ သိန်းထဲက တစိတ်တပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ထပ် ၇ သောင်းကို အပြီးသတ်စိစစ်နေဆဲဖြစ်ပြီး ဓါတ်ပုံတွေ နဲ့ အထောက်အထား အသေးစိတ်အချက်အလက်တွေကို ပြန်လည်သုံးသပ်ဖို့ ကျန်နေသေးတယ်လို့ ဆိုပါတယ်။

၈ သိန်းထဲက ကျန်တဲ့ အမည် ၅ သိန်းခွဲအတွက် စိစစ်ရေးလုပ်ငန်းကို အရှိန်မြှင့် ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံက ကတိပြုထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဘင်္ဂလားပင်လယ်အော်ဒေသများ စီးပွားရေး နဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BIMSTEC ထိပ်သီးအစည်းအဝေး နဲ့ ဆက်စပ်အစည်းအဝေးမှာ နှစ်နိုင်ငံထိပ်တန်းခေါင်းဆောင်တွေ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာလို့ သတင်းက ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။