နေပြည်တော်ရှိ လိင်လုပ်ငန်းနှိမ်နင်းရေး အောင်မြင်ဖွယ်မရှိ

စစ်အစိုးရ ရုံးစိုက်နေတဲ့ နေပြည်တော် မြို့တော်သစ်မှာ အနှိပ်ခန်းနဲ့ ကာရာအိုကေခန်းတွေကို အခု ရက်ပိုင်းအတွင်း ဖမ်းဆီး အရေးယူနေပေမဲ့ အာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက် အောင်မြင်မှာ မဟုတ်ဘူးလို့ လေ့လာသူတွေက ပြောပါတယ်။

2011.03.22
karaoke_girls_305_z.jpg ကာရာအိုကေခန်းတခုတွင် သီဆို ဖျော်ဖြေသော မိန်းကလေးများ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပြည့်တန်ဆာလုပ်ငန်းသည် တရားမဝင်သော်လည်း စီးပွားရေး ကျပ်တည်းမှုကြောင့် အမျိုးသမီးများစွာသည် ကာရာအိုကေ ကလပ်များ၊ အနှိပ်ခန်းများတွင် လိင်လုပ်ငန်း လုပ်ကိုင်နေကြပါသည်။ (Photo: AFP)
(Photo: AFP)

တကယ်တော့ အနှိပ်ခန်း၊ ကာရာအိုကေ၊ အလှပြင်ခန်းမ စသဖြင့် ၂၀၀၀ ခုနှစ်လောက်စလို့ ရန်ကုန်မြို့မှာ နာမည်အမျိုးမျိုးနဲ့ တည်ထောင်ထားတဲ့ လုပ်ငန်းတွေအများစုဟာ နောက်ပိုင်းမှာ လိင်ဖျော်ဖြေရေးတွေ တွဲဖက်လုပ်ကိုင် လာခဲ့ကြတာဖြစ်ပြီး၊ ရဲ၊ ထောက်လှမ်းရေး၊ မယက စတဲ့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကို လိုင်းကြေးပေးပြီး ဖွင့်လှစ်လုပ်ကိုင် နေကြတာဖြစ်ပါ တယ်။

အနှိပ်ခန်း၊ ကာရာအိုကေ အလှပြင်သီးသန့်ဖွင့်လှစ် လုပ်ကိုင်သူတွေရှိပေမဲ့ အနည်းစုသာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစလို့ ရန်ကုန်မြို့မှာ စတင်ဖွံ့ဖြိုးလာခဲ့ တာဖြစ်ပြီး၊ စစ်အစိုးရက မြို့တော်ကို နေပြည်တော်ကို ပြောင်းရွှေသွားပြီးနောက်ပိုင်း လွန်ခဲ့တဲ့ ၃ နှစ်လောက် ကစလို့ နေပြည်တော်မှာ အရှိန်အဟုန်နဲ့ အောင်မြင်ထင်ပေါ်လာခဲ့တဲ့ စီးပွားရေးတခု ဖြစ်လာခဲ့တာပါ။

နေပြည်တော်မှာ အဲဒီအနှိပ်ခန်းနဲ့ ကာရာအိုကေလုပ်ငန်းတွေ အောင်မြင်ရတဲ့ အဓိကအကြောင်းရင်းက ငွေကို ရေလို သုံးဖြုန်းနိုင်တဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့ သားသမီးတွေ၊ စီးပွားရေးသမားတွေ အများအပြား ရှိတာကြောင့်လို့ လေ့လာသူတွေက ပြောပါတယ်။

ဒီအကြောင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က စုစည်း တင်ပြထားပါတယ်။

စုစည်းတင်ပြချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-03-23 17:04

It is very unethical act of RFA that faces of these girls are shown without any censor ..... shame on you RFA.. you should respect them..