ချင်းရွှေဟော် နယ်စပ်မြို့ ဗုံးကွဲမှု လူ ၃ ဦး သေဆုံး


2015.12.26

ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းရွှေဟော်မြို့မှာ ဒီနေ့ မနက်စောစောပိုင်းက ဗုံးပေါက်ကွဲမှု တစ်ရပ်ဖြစ်ပါွးလို့  လူ ၃ ဦး သေဆုံးပြီး ၃ ဦး ဒါဏ်ရာ ရရှိခဲ့ပါတယ်။

ဘယ်လို ဗုံးအမျိုးအစား ဖြစ်တယ်ဆိုတာကို အစိုးရတပ်မတော်နဲ့ ပူးပေါင်းစိစစ်နေဆဲဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေဟာ ချင်းရွှေဟော်ဆေးရုံမှာ ဆေးကုသနေတယ်လို့  ရှမ်းပြည်နယ် ရဲမှူးကြီး ဦးစန်းလွင်က ပြောပါတယ်။

"လက်တလော ကျနော်တို့ သတင်းအရတော့ပေါ့လေ သေဆုံးသူကတော့ အမျိုးသား ၂ ယောက်၊ အမျိုးသမီး ၁ ယောက်ပေါ့၊ ဒဏ်ရာရတာကတော့ အမျိုးသား ၃ ယောက်ပေါ့၊ ယာဉ်တစ်စီး မီးလောင်တယ်၊ နောက် ကျန်တဲ့ယာဉ် ၅ စီးကတော့ ခေါင်းပိုင်းပျက်စီးသွားတာပေါ့၊ ဗုံးအမျိုးအစားတော့ ကျနော်တို့ တပ်မတော်နဲ့ပူးပေါင်းပြီးတော့မှ စိစစ်နေဆဲပဲရှိပါသေးတယ်"

ချင်းရွှေဟော် နမ့်တိမ်းချောင်းဘေးက ဂိုဒေါင် တစ်ခုထဲမှာ ကုန်ပစ္စည်းတွေချဖို့ ရပ်ထားတဲ့ ၁၂ ဘီး ယာဉ်တစ်စီးရဲ့ ခေါင်းပိုင်းက စတင်ပေါက်ကွဲခဲ့တာဖြစ်ပြီး အနီးအနားမှာရှိတဲ့ ကုန်တင်ယာဉ် (၆ )စီး  မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။