သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-06-19
ရခိုင်ပြည်နယ်မှာ အစိုးရအုပ်ချုပ်ရေးပျက်ပြားအောင် ရက္ခိုင့်တပ်တော် AA က လုပ်ဆောင်နေတဲ့အပေါ် နှိမ်နင်းဖို့နဲ့ အုပ်ချုပ်ရေး တည်ငြိမ်အောင် ထိန်းသိမ်းဖို့အတွက်၊ အစိုးရနဲ့ တပ်မတော်အကြား မကြာခဏ တွေ့ဆုံညှိနှိုင်းနေတယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ဒီကနေ့ ပြောလိုက်ပါတယ်။
2020-06-19
တပ်မတော် နဲ့ ရက္ခိုင့်တပ်တော် AA တိုက်ပွဲတွေ ပြင်းထန်ပြီး စစ်ဘေးဒုက္ခသည် အများအပြားရှိနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဒီရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် စစ်ဘေးဒုက္ခသည်စခန်း ၁၄ ခုမှာ ရေကြီးနစ်မြုပ်တာတွေ ဖြစ်ပေါ်နေပြီး စားနပ်ရိက္ခာ အခက်အခဲတွေ ဖြစ်နေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
2020-06-18
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပေါ် အယုံအကြည်မရှိကြောင်း စွပ်စွဲပြစ်တဲ့အဆိုကို NLD ကိုယ်စားလှယ်အများစုရှိတဲ့ ရန်ကုန်တိုင်းလွှတ်တော်မှာ ဒီနေ့ ပယ်ချလိုက်ပါတယ်။
2020-06-18
၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီတစ်ခုထဲက အနိုင်ရပြီး အစိုးရဖွဲ့ဖို့ ဖြစ်နိုင်ခြေ မရှိတော့ ဘဲ၊ ညွန့်ပေါင်းအစိုးရသာ ဖြစ်နိုင်မယ်လို့ တပ်မတော်မှာ ဗိုလ်ချုပ်ကြီးအဆင့် တာဝန် ယူခဲ့ဖူးတဲ့၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ ဦးရွှေမန်းက ပြောလိုက်ပါတယ်။ လက်ရှိ အာဏာရပါတီ NLD- ဗဟိုပြန်ကြားရေးအဖွဲ့ တာဝန်ခံ မုံရွာအောင်ရှင် ကတော့ ဒီအမြင်ကို လက်မခံဘဲ ပယ်ချလိုက်ပါတယ်။
2020-06-17
တရုတ်အစိုးရပိုင် PanAust ကုမ္ပဏီက စစ်ကိုင်းတိုင်း ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး ဒေသက မြေဧက တစ်သိန်းရှစ်သောင်းကျော်မှာ ကြေးနီနဲ့ ဆက်စပ်သတ္ထု တူးဖော်လုပ်ကိုင်ခွင့် ရရှိတဲ့အတွက် စမ်းသပ်တိုင်းတာမှု တချို့ လုပ်ခဲ့ပါတယ်။
2020-06-17
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလက်ချောင်းကျေးရွာအုပ်စုက ရှမ်းကုန်းနဲ့ မင်္ဂလာဒုံရွာက ချင်းတိုင်းရင်းသား လူဦးရေ တစ်ထောင်ကျော်ကို တပ်မတော်က ဆန်သယ်ယူခွင့်ကန့်သတ်ထားတာ ခြောက်လကျော်ပြီဖြစ်လို့ အဲဒီရွာတွေမှာ ဆန်ရိက္ခာ ပြတ်လပ်နေပါတယ်။
2020-06-17
ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း ဝက်တွေဖျားနာပြီး သေဆုံးနေတာ အကောင်ရေ ၁၅၀ လောက် ရှိနေပြီလို့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။
2020-06-16
အသေးစားငွေချေးဌာနတွေကနေ အစုဖွဲ့လိုက်ချေးငှားထားသူတွေဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မပြန့်ပွားနိုင်ဖို့ ကန့်သတ်ထားတဲ့ကာလအတွင်း ပြန်လည်ပေးဆပ်နိုင်ဖို့ အခက်အခဲတွေဖြစ်ပေါ်နေပါတယ်။
2020-06-15
မကွေးမြို့နယ်မှာ ရွာပေါင်း ၈ ရွာလောက်က လူတစ်သောင်းကျော် သောက်သုံးရေအတွက် အားထားနေရတဲ့ လက်ဆယ်ကန်ရွာက ကန်ကြီးဟာ ရေနောက်ကျိပြီး ခန်းခြောက်လုနီးပါးဖြစ်နေတဲ့အတွက် ဒေသခံတွေစိုးရိမ်နေပြီး ရေကန်ပြင်ဖို့ အကူအညီလိုအပ်နေပါတယ်။
2020-06-15
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အခု ၂ဝ၂ဝ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပဖို့ ကြေညာထားတဲ့ ရွေးကောက်ပွဲမှာ သူ့အနေနဲ့ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ပါဘူးလို့ RFA ကို ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့ညမှာ ပြောကြားလိုက်ပါတယ်။
2020-06-15
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလက်ချောင်းအုပ်စု မင်္ဂလာဒုံကျေးရွာက ရွာသား ၁၀၀ ခန့်ဟာ စားနပ်ရိက္ခာတွေပြတ်လပ်ပြီး ဒလက်ချောင်းအနောက်ရွာမှာရှိတဲ့ မြသိန်းတန် ကျောင်းတိုက်ကို ရွာကိုစွန့်ခွာပြီးထွက်ပြေးရောက်ရှိလာကြပါတယ်။
2020-06-15
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အေအေအဖွဲ့က အုပ်ချုပ်ရေး ယန္တရားပျက်စီးအောင် ဆောင်ရွက်နေပေမယ့် စိုးရိမ်ရလောက်တဲ့ အခြေအနေမရှိသေးတဲ့အတွက် စစ်အုပ်ချုပ်ရေးနဲ့ အစားထိုးဖို့ မလိုအပ်ဘူးလို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက ပြောပါတယ်။
2020-06-15
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တင်းမကျေးရွာကနေ တပ်မတော်က ဖမ်းဆီးသွားတဲ့ ကျေးရွာသား (၁၈)ဦးကို ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေက ဒီနေ့တောင်းဆိုလိုက်ပါတယ်။
2020-06-13
မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကယားပြည်နယ် ဒီမောဆိုမြို့နယ် ဒေါဆိုရှေ့ ကျေးရွာက တောင်ယာတွေထဲမှာ တပ်မတော်က ဝင်ရောက်ထွန်ယက်နေတဲ့အပေါ် တောင်သူတွေက ကန့်ကွက်လိုက်ပါတယ်။
2020-06-13
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာအနီးက ရဲကင်းစခန်း ဒီနေ့မနက် တိုက်ခိုက်ခံခဲ့ရပါတယ်။