သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-06
ရှမ်းပြည်နယ်၊ ပင်လောင်းမြို့ နောင်တရားမြို့နယ်ခွဲမှာရှိတဲ့ တီကျစ်ကျောက်မီးသွေး စက်ရုံကနေ စွန့်ပစ်တဲ့ ကျောက်မီးသွေးပြာတွေကြောင့် ဒေသခံလူထုအတွက် ကျန်းမာရေးအန္တရာယ် ကျရောက်နေတယ်လို့ ဒေသခံတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့တွေက ပြောပါတယ်။
2018-09-06
ကရင်ပြည်နယ် ဘားအံမြို့မှာ သံလွင်မြစ်ရေတက်တာကြောင့် လေးကြိမ်မြောက် ရေထပ် ကြီးနေပြီး ရေဘေးကယ်ဆယ်ရေးစခန်း ၁၁ ခုမှာလည်း ရေဘေးဒုက္ခသည် ၈၅၀၀ ကျော်အတွက် စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ သိရပါတယ်။
2018-09-06
ရခိုင်ပြည်နယ်မှာ ရေချိုခရုကနေတဆင့် ကူးစက်ပြီး လူ့ခန္ဓာကိုယ်မှာ သန်ပြားကောင်တွယ်တဲ့ Schistosomiasis (ရှစ်စ်တိုဆိုမိုင်ယားစစ် ) လို့ခေါ်တဲ့ ရောဂါဖြစ်ပွားသူထပ်တိုးလာတာကြောင့် လက်ရှိမှာ ဖြစ်ပွားသူ စုစုပေါင်း အယောက် ၄၀၀ ကျော်နေပြီဖြစ်ပါတယ်။
2018-09-06
လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ မြန်မာအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတကာက ဖိအားပေးနေပေမယ့် ကနေဒါနိုင်ငံအနေနဲ့ မြန်မာအစိုးရနဲ့ သံတမန်ရေးအရ ဆက်လက် ဆက်ဆံသွားမှာဖြစ်တယ်လို့ ကနေဒါဝန်ကြီးချုပ်ရုံးက ပြောကြားလိုက်ပါတယ်။
2018-09-05
လူမျိုးတုံးရှင်းလင်းမှုတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရကို အရေးယူဖို့ကိစ္စမှာ မြန်မာနိုင်ငံကို တရုတ်အစိုးရရင်ခွင်ထဲ ပိုပြီး တွန်းထည့်လိုက်သလို ဖြစ်မှာကို အနောက်နိုင်ငံတွေက ရှောင်ကျဉ်လိုကြတယ်လို့ ဝါရှင်တန်အခြေစိုက် CSIS မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာနက မားရီဟိဘာ့တ် (Murray Hiebert ) က ပြောလိုက်ပါတယ်။
2018-09-05
အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်း လက်နက်ကိုင်မဟာမိတ်တွေဖြစ်တဲ့ TNLA တအာင်းပလောင်အဖွဲ့၊ AA ရက္ခိုင်အဖွဲ့၊ MNDAA ကိုးကန့်..စတဲ့ အဖွဲ့သုံးဖွဲ့က ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒီနေ့ တွေ့ဆုံဆွေးခဲ့ကြပါတယ်။
2018-09-05
ရိုက်တာ သတင်းထောက် နှစ်ဦးကို ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်တာကို ပြည်တွင်း၊ ပြည်ပ တွင် ဝေဖန်မှုများရှိနေတာကြောင့် အမှုကို ရှုထောင့်ပေါင်းစုံက စဉ်းစားဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။
2018-09-05
သွားလာရေးခက်ခဲတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုက ၁၀ တန်းအောင်မြင်သူတွေအနေ နဲ့ ဆေးတက္ကသိုလ်တွေကို အမှတ်ကန့်သတ်ချက်မရှိဘဲ လျှောက်ထားနိုင်ပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2018-09-05
လားရှိုး- မန္တလေး ကားပေါ်ကနေ တရားမဝင်သယ်ဆောင်လာတဲ့ "ဒီတိုနေတာ" လို့ခေါ်တဲ့ ဖောက်ခွဲရေးလုပ်ငန်းသုံးပစ္စည်း တစ်သိန်းကျော်ကို ကျောက်မဲမြို့ တိုးဂိတ်မှာ မနေ့ညက ဖမ်းဆီးရမိခဲ့တယ်လို့ ကျောက်မဲမြို့မရဲစခန်းက သိရပါတယ်။
2018-09-05
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက သိမ်းယူထားတဲ့ လယ်ယာမြေတွေအတွက် ဘဏ်မှာအပ်နှံထားတဲ့ လျော်ကြေး ထုတ်ယူကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင်တွေက ကြားဝင် ဆွေးနွေးခဲ့ပေမယ့် ဒေသခံတွေက လက်မခံပဲ လျော်ကြေးငွေကို ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။
2018-09-05
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံလိုက်ရတဲ့ ရိုက်တာသတင်းထောက် ၂ ယောက်ကို အမြန်ဆုံးလွှတ်ပေးဖို့ အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်က မြန်မာအစိုးရကို ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
2018-09-05
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ ပုဒ်မ ၇ နဲ့ စွဲချက်တင် စစ်ဆေးဖို့ ဗိုလ်တထောင်မြို့နယ် တရားရုံးက ဒီနေ့ဆုံးဖြတ်လိုက်ပါတယ်။
2018-09-05
လူမျိုးတုံးရှင်းလင်းမှုကို ဘယ်လိုပုံစံ ဘယ်လို အခြေအနေမျိုးမှာမှ လက်မခံနိုင်ဘဲ၊ တာဝန်ရှိသူတွေကို တရားဥပဒေအရ ကြိမ်းသေမုချ အရေးယူရမှာ ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဟန့် (Jeremy Hunt) က မနေ့က ပြောလိုက်ပါတယ်။
2018-09-05
နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်ကျခံရတဲ့ ရိုက်တာသတင်းထောက် နှစ်ယောက်ဟာ အပြစ်မရှိဘူးလို့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ရဲ့ ဇနီးနှစ်ဦးက မနေ့က ပြောကြားပြီး သူတို့နှစ်ဦး မိသားစုနဲ့ ပြန်ဆုံဆည်းနိုင်အောင် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။
2018-09-04
အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တို့ဟာ တရုတ်အစိုးရရဲ့ အထူးသံတမန် မစ္စတာ ဆွန်ကော်ရှန်းရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ စက်တင်ဘာလ ၅ ရက်နေ့ မနက်ဖြန်မှာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံကြမယ်လို့ TNLA အဖွဲ့က ပြောပါတယ်။