သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-06-12
မြန်မာအစိုးရက မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်ကြတဲ့ KIA, AA, TNLA နဲ့ MNDAA တို့ကို တွေ့ဆုံဆွေးနွေးဖို့ ဒီလဆန်းပိုင်းက ဖိတ်ကြားခဲ့ပါတယ်။
2020-06-12
ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး မြန်မာနိုင်ငံက အိန္ဒိယနွယ်ဖွား လူငယ်တစ်စုဟာ (Don’t call me Kalar) ဆိုတဲ့ လှုပ်ရှားမှုတစ်ခုကို လူမှုကွန်ရက်ပေါ်မှာ စတင်ခဲ့ကြပါတယ်။
2020-06-12
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မြန်မာနိုင်ငံကို တရားစွဲထားတဲ့ ဂမ်ဘီယာနိုင်ငံကနေ - မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့က ရေးတင်ခဲ့တဲ့ အချက်အလက်တွေကို အမေရိကန်ကုမ္ပဏီဖြစ်တဲ့ Facebook က ထုတ်ပြန်ပေးဖို့အတွက် ဝါရှင်တန်ဒီစီ ခရိုင်တရားရုံးမှာ ဇွန်လ ၈ ရက် တနင်္လာနေ့က လျှောက်ထားခဲ့ပါတယ်။
2020-06-12
တပ်မတော်ကို အကြည်ညိုပျက်စေတယ်ဆိုပြီး ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုပိုင်ဖြိုးမင်းတို့ သုံးဦးကို ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်တရားရုံးက ဒီနေ့ ဇွန် ၁၂ ရက်နေ့မှာ ထောင်ဒဏ်တစ်နှစ်စီ ချမှတ်လိုက်ပါတယ်။
2020-06-12
လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တဲ့အခါ လူမျိုးရေး၊ ဘာသာရေး မခွဲခြားဘဲ ရွေးချယ်သင့်တယ်လို့ နိုင်ငံရေးပါတီတချို့နဲ့ လူမှုအဖွဲ့အစည်းတွေက ပြောကြ ပါတယ်။
2020-06-11
မြန်မာအစိုးရရဲ့ ဇွန်လ ၁၁ ရက် မနေ့ညက ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ နောက်ထပ် ၁၁ ဦး တွေ့ရှိရတဲ့အတွက် စုစုပေါင်း အတည်ပြုလူနာ ၂၆ဝ ရှိပြီဖြစ်ပါတယ်။
2020-06-11
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှာ ဒီနေ့မနက်က ဈေးလာဝယ်တဲ့ တပ်မတော်အရာရှိတစ်ဦးကို အေအေအဖွဲ့က ဓားနဲ့ထိုးပြီး သူနဲ့အတူပါလာတဲ့ တပ်မတော်သားတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2020-06-11
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့က အက်ဆစ်နဲ့ အပက်ခံရခဲ့ရတဲ့ဖြစ်စဉ်အတွက် အဓိကကျတဲ့ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ နဲ့ ဖွင့်ထားတဲ့အမှုဟာ ဖြစ်စဉ်စဖြစ်တဲ့နေ့ကနေ ရှစ်လနီးပါးကြာတဲ့ ဒီနေ့အချိန်အထိ တရားခံကိုလည်း မမိသေးသလို အသစ်ရောက်ရှိလာတဲ့ ရဲအရာရှိက အမှုကို ပြန်လည် စုံစမ်း စစ်ဆေးနေပြီလို့ ပြောပါတယ်။
2020-06-10
တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ မနေ့တုန်းက လည်း မင်းပြားမြို့နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲ ကြောင့် ရွာသူရွာသား ခြောက်ထောင်လောက် ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2020-06-10
ပြီးခဲ့တဲ့နှစ်က ဂမ်ဘီယာနိုင်ငံဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံကို ICJ နိုင်ငံတကာ တရားရုံးမှာ တရားစွဲဆိုပြီး ရုံးတင်စစ်ဆေးနိုင်ခဲ့ တာဟာ အပြုသဘောဆောင်တဲ့ အောင်မြင်မှု တစ်ခုဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး၀န်ကြီး မိုက်ခ် ပွန်ပီယိုက မနေ့က ပြုလုပ်တဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာ ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2020-06-10
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာနားမှာ ဒီနေ့ မနက်က တပ်မတော်ရေယာဉ်ကို အေအေအဖွဲ့က တိုက်ခိုက်တာကိုအကြောင်းပြုပြီး ပြန်လည်ပစ်ခတ်ရာမှာ အရပ်သား အဘွားတစ်ဦး သေဆုံးပြီး နှစ်ဦး အပြင်းအထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
2020-06-10
ရခိုင်ပြည်နယ်က မြို့နယ်တချို့ကို သြဂုတ်လ တစ်ရက်နေ့အထိ အင်တာနက် ဆက်ပိတ်ထားမှာဖြစ်ပြီး ဆက်သွယ်ရေးဥပဒေအရ အများပြည်သူအကျိုးကို ထိခိုက်မှုမရှိဘူးလို့ သုံးသပ်နိုင်တဲ့ အချိန်မှသာ အင်တာနက်လိုင်းတွေကို ပြန်ဖွင့်ပေးမယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတန်းအတွင်းဝန် ဦးစိုးသိန်းက ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2020-06-10
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး လိုအပ်တဲ့ တွေ့ဆုံမေးမြန်းမှုတွေ လုပ်ဆောင်နေဆဲဖြစ်ပြီး သက်သေခံတွေပေးပို့နိုင်ဖို့ အချိန်မရွေး လမ်းဖွင့်ထားတယ်လို့ စုံစမ်းစစ်ဆေးရေး ကော်မတီအဖွဲ့က ပြောပါတယ်။
2020-06-10
လယ်ယာမြေစီမံခန့်ခွဲရာမှာ ပြည်ထောင်စုအစိုးရကသာ ချုပ်ကိုင်ထားနိုင်တဲ့ စနစ်ကို ပြင်ဆင်ပြီး ဖက်ဒရယ် မြေယာစီမံခန့်ခွဲမှု စနစ်ဖြစ်အောင် ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတာတွေ ရှိလာပါတယ်။ ဒါပေမဲ့ ဖက်ဒရယ် မြေယာစနစ်ဖြစ်ဖို့ အခက်အခဲတွေ များစွာရှိနေပါတယ်။
2020-06-09
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောင်ဘက်ပိုင်း အပေါက်ဝကျေးရွာမှာ ဇွန် ၈ ရက် မနေ့ညနေပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခု ရွာထဲကိုဝင်လာပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ အသက် ၃၄ နှစ်အရွယ် ရွာသား ဦးမောင်လှကျော် ဆိုသူ ကျည်ထိမှန်ခဲ့ပါတယ်။